Samsung ကနေ Galaxy A Series တွေကို နှစ်တိုင်းအသစ်မိတ်ဆက်နေတာဖြစ်ပြီး အခုလည်း လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင်ရောင်းချသွားမယ့် Galaxy A Series ဖုန်းအသစ်တွေကို တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။

ယခု Galaxy A Series ဖုန်းသစ်တွေကတော့ Galaxy A12 နဲ့ A02s ဖုန်းတွေဖြစ်ပြီး Budget အနေနဲ့ပဲ အရင်မိတ်ဆက်ထားတာဖြစ်ပါတယ်။

အရင်ဆုံး Galaxy A12 ဖုန်းအနေနဲ့ကတေ့ 6.5″ HD+ Infinity-V Display ၊ MediaTek Helio P35 လို့ ယူဆရတဲ့ Chipset အပြင် RAM 3GB + 32GB ၊ RAM 4GB + 64GB နဲ့ RAM 6GB + 128GB ဆိုပြီး မိတ်ဆက်လာမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor ၊ 5MP Ultrawide ၊ 2MP Depth နဲ့ 2MP Macro Sensor တွေကို ပြောင်းလဲထည့်သွင်းလာတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့လည်း 5000mAh Battery ကိုတိုးမြှင့်ထားပြီး 15W Charging ကိုပဲ ဆက်လက် Support ပြုလုပ်ဦးမှာပါ။ Fingerprint Sensor ကိုတော့ နောက်ကျောဘက်အစား Side-mounted Fingerprint အနေနဲ့ တပ်ဆင်ပေးထးတာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Black ၊ Blue ၊ White နဲ့ Red ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Galaxy A02s စမတ်ဖုန်းကတော့ 6.5″ HD+ Infinity-V Display ကိုပဲ သုံးစွဲထားပြီး Qualcomm Snapdragon 450 လို့ ယူဆရတဲ့ Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ RAM 3GB နဲ့ 32GB Storage ပဲပါဝင်မှာဖြစ်ပြီး MicroSD Card ကနေတစ်ဆင့် Storage ကို ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 13MP Primary Sensor ကိုမှ 2MP Macro နဲ့ 2MP Depth Sensor တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 5000mAh အထိ တိုးမြှင့်ပေးထားပြီး 15W Charging ကိုပဲ ဆက်လက်အသုံးပြုထားတာဖြစ်ပါတယ်။

Samsung ဟာ ယခု Galaxy A12 စမတ်ဖုန်းကို €179 (မြန်မာငွေ ၂ သိန်း ၈ သောင်းဝန်းကျင်) နဲ့ လာမယ့် ဇန်နဝါရီလ ၂၀၂၁ မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး Galaxy A02s ကိုတော့ €150 (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) နဲ့ လာမယ့် ဖေဖော်ဝါရီလ ၂၀၂၁ မှ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena