Google ကနေ လက်ရှိအချိန်အထိကို Budget နဲ့ Entry စမတ်ဖုန်းတွေအတွက် Android Go OS ကို ထုတ်ပေးနေတုန်းပဲဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း Android 11 ရဲ့ Feature တွေ ပါဝင်လာတဲ့ Android 11 Go Edition OS Update ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ရှိစျေးကွက်ထဲမှာ Android Go OS ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေ နည်းပါးသေးနေပါသေးတယ်။ အခုတော့ Samsung ကနေ Galaxy A3 Core နာမည်နဲ့ Android Go OS သုံးထားတဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။

Samsung Galaxy A3 Core စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ ၈၅ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၁ သောင်းဝန်းကျင်) ပဲကျသင့်မှာဖြစ်ပါတယ်။ အခုလိုမျိုး စျေးသက်သာတဲ့အတွက် Single Back Camera အပြင် Fingerprint Sensor ပါဝင်ခြင်းမရှိဘဲနဲ့ Design ပိုင်းမှာတော့ တခြားစျေးပိုကြီးတဲ့ Budget ဖုန်းတွေနဲ့ ယှဥ်နိုင်မှာမဟုတ်ပါဘူး။

Galaxy A3 Core စမတ်ဖုန်းဟာ Resolution 1480×720 Pixels ရှိတဲ့ 5.3″ Display ပါဝင်မှာဖြစ်ပြီး 1.5GHz Quad-core Processor ၊ RAM 1GB နဲ့ 16GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Single 8MP Back Camera နဲ့ 5MP Selfie Camera တွေပါဝင်မှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီး MicroUSB ကိုပဲ သုံးစွဲထားတာဖြစ်ပါတယ်။ Android Go OS ကို အသုံးပြုထားတယ်ဆိုပေမယ့် နောက်ဆုံးထွက်ရှိထားတဲ့ Android 11 Go Edition အစား Android 10 Go Edition ကိုပဲ ထည့်သွင်းထားတယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy A3 Core လိုမျိုး Android Go Edition Budget ဖုန်းတွေဟာ တခြားသော Budget ဖုန်းတွေထက် စျေးသက်သာတယ်ဆိုပေမယ့် အောင်မြင်မှုမရတဲ့ဖုန်းတွေဖြစ်နေဖို့အလားအလာများနေပါတယ်။

Ref – Giz China