Samsung ဟာ အခုနောက်ပိုင်းမှာ Software Update ပိုင်းကို တော်တော်လေး အာရုံစိုက်လာပြီးတော့ Android OS Update တွေအပြင် OneUI 3.0 Update ကိုလည်း Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range A Series ဖုန်းတွေအထိ ပြုလုပ်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

အခုလည်း Samsung ကနေ လာမယ့် ၂၀၂၁ ခုနှစ်မှာ မိတ်ဆက်မယ့် စမတ်ဖုန်းတွေ အကုန်လုံးနီးပါးက Android 11 OS ကိုပဲ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ အရင်ဆုံး မိတ်ဆက်လာမယ့် စမတ်ဖုန်းကတော့ Galaxy A32 5G ဖြစ်ပြီး Android 11 OS ကို အသုံးပြုထားတယ်ဆိုတာက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

Galaxy A32 5G စမတ်ဖုန်းဟာ Model Number အနေနဲ့ SM-A326B လို့ ပေးထားပြီးတော့ Web Browser HTML5 Test မှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ Android 11 ကို အသုံးပြုထားတာဖြစ်တဲ့အတွက် OneUI 3.0 သို့မဟုတ် Galaxy S21 Series နဲ့အတူ မိတ်ဆက်လာမယ့် OneUI 3.1 ကိုပါ အသုံးပြုလာဖွယ်ရှိနေပါတယ်။

Samsung ရဲ့ Galaxy A32 5G စမတ်ဖုန်းဟာ 6.5″ Infinity-V Display ကိုအသုံးပြုထားမှာဖြစ်ပြီး Aspect Ratio အနေနဲ့ 20:9 ရှိမှာဖြစ်ပါတယ်။ Back Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor ကိုမှ 8MP Ultra-wide Sensor ၊ 5MP Macro Sensor နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy S21 Series ဟာ Samsung အတွက် ပထမဆုံး Android 11 Stable OS ကို အခြေခံထားတဲ့ OneUI 3.1 နဲ့ မိတ်ဆက်လာမှာဖြစ်ပါတယ်။

Ref – GSM Arena