[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Samsung UK ဝက္ဆိုက္ကေနတစ္ဆင့္ ထြက္ေပၚခဲ့တဲ့ Galaxy A40 ဟာ ယခုအခါမွာေတာ့ FCC ရဲ႕ ခြင့္ျပဳလက္မွတ္ ရရွိသြားၿပီ ျဖစ္ပါတယ္။ Federal Communications Commission (FCC) ကေန ခြင့္ျပဳလက္မွတ္ ရရွိသြားတဲ့ Galaxy A40 ရဲ႕ ေမာ္ဒယ္နံပါတ္ဟာ SM-A405FN/DS ျဖစ္ပါတယ္။

Samsung Galaxy A40 နဲ႔ ပတ္သတ္ၿပီး FCC ဝက္ဆိုက္မွာ ေဖာ္ျပထားတဲ့ အေၾကာင္းအရာေတြဟာ Display Size နဲ႔ Wireless Connectivity Features ေတြသာ ပါဝင္ၿပီး အဓိက Specs ေတြကိုေတာ့ ေဖာ္ျပထားျခင္း မရွိဘူးလို႔ သိရပါတယ္။ FCC ဝက္ဆိုက္ရဲ႕ ေဖာ္ျပခ်က္မ်ားအရ Galaxy A40 ဟာ A10, A30 နဲ႔ A50 တို႔ထက္ အ႐ြယ္အစားပိုမိုေသးငယ္တဲ့ ၅.၇လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Display ကိုသာ အသုံးျပဳထားပါတယ္။ Connectivity အပိုင္းအတြက္ Wi-Fi 802.11 a/b/g/n/ac နဲ႔ Bluetooth 5.0 တို႔ပါဝင္ၿပီး Galaxy A30 နဲ႔ A50 တို႔လိုမ်ိဴး USB Type-C ကို အသုံးျပဳထားႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ထြက္ေပၚခဲ့တဲ့ Geekbench အခ်က္အလက္ေတြအရဆိုရင္ Galaxy A40 ရဲ႕ Processor အပိုင္းအတြက္ Exynos 7885 SoC ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 4GB ပါဝင္ႏိုင္ပါတယ္။ Galaxy A40 ရဲ႕ အိႏၵိယႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကို အတိအက် မသိရေသးေပမယ့္ ဥေရာပႏိုင္ငံေတြမွာေတာ့ ယူ႐ို ၂၄၉ (ျမန္မာေငြ ၄၂၀,၀၀၀ ဝန္းက်င္) က်သင့္ႏိုင္ေၾကာင္း ခန႔္မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gsmarena

[Unicode]

FCC ရဲ့ ခွင့်ပြုလက်မှတ် ရရှိသွားပြီဖြစ်တဲ့ Samsung Galaxy A40

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Samsung UK ဝက်ဆိုက်ကနေတစ်ဆင့် ထွက်ပေါ်ခဲ့တဲ့ Galaxy A40 ဟာ ယခုအခါမှာတော့ FCC ရဲ့ ခွင့်ပြုလက်မှတ် ရရှိသွားပြီ ဖြစ်ပါတယ်။ Federal Communications Commission (FCC) ကနေ ခွင့်ပြုလက်မှတ် ရရှိသွားတဲ့ Galaxy A40 ရဲ့ မော်ဒယ်နံပါတ်ဟာ SM-A405FN/DS ဖြစ်ပါတယ်။

Samsung Galaxy A40 နဲ့ ပတ်သတ်ပြီး FCC ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ Display Size နဲ့ Wireless Connectivity Features တွေသာ ပါဝင်ပြီး အဓိက Specs တွေကိုတော့ ဖော်ပြထားခြင်း မရှိဘူးလို့ သိရပါတယ်။ FCC ဝက်ဆိုက်ရဲ့ ဖော်ပြချက်များအရ Galaxy A40 ဟာ A10, A30 နဲ့ A50 တို့ထက် အရွယ်အစားပိုမိုသေးငယ်တဲ့ ၅.၇လက်မ မျက်နှာပြင် အကျယ်ရှိ Display ကိုသာ အသုံးပြုထားပါတယ်။ Connectivity အပိုင်းအတွက် Wi-Fi 802.11 a/b/g/n/ac နဲ့ Bluetooth 5.0 တို့ပါဝင်ပြီး Galaxy A30 နဲ့ A50 တို့လိုမျိူး USB Type-C ကို အသုံးပြုထားနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ထွက်ပေါ်ခဲ့တဲ့ Geekbench အချက်အလက်တွေအရဆိုရင် Galaxy A40 ရဲ့ Processor အပိုင်းအတွက် Exynos 7885 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 4GB ပါဝင်နိုင်ပါတယ်။ Galaxy A40 ရဲ့ အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကို အတိအကျ မသိရသေးပေမယ့် ဥရောပနိုင်ငံတွေမှာတော့ ယူရို ၂၄၉ (မြန်မာငွေ ၄၂၀,၀၀၀ ဝန်းကျင်) ကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gsmarena