Samsung ရဲ့ Mid Range ဖုန်းတွေဖြစ်တဲ့ Samsung Galaxy A Series ဖုန်းတွေက အခုဆိုရင် 2018 Edition ကို ကြေငြာတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Samsung Galaxy A Series (2018) ဖုန်းတွေမှာ Galaxy S8 နဲ့ တူညီတဲ့ Features တွေအများအပြားပါဝင်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အရင်ဆုံးအနေနဲ့ Samsung Galaxy A5 (2018) ရဲ့ သတင်းတွေပေါက်ကြားလျက်ရှိပြီး အဲ့ဒီထဲမှာ Samsung ရဲ့ ကိုယ်ပိုင် Processor အသစ်ဖြစ်တဲ့ Exynos 7885 Chipset, Bluetooth 5.0 နဲ့ Infinity Display တွေပါဝင်လာမယ်လို့ သိရှိရပါတယ်။

Samsung ရဲ့ Mid Range ဖုန်းဖြစ်တဲ့ A5 (2018) ကို Galaxy S8 လိုမျိုး Infinity Display တပ်ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောလို့ရပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့ HTML 5 Test Benchmark အရ A5 (2018) ရဲ့ Screen Resolution က 412 × 816 Pixels (18.5 : 9) လို့ ဖော်ပြခဲ့ပြီး အဲ့ဒါက Samsung Galaxy S8 နဲ့ Galaxy Note 8 တို့လိုပဲ Infinity Display နဲ့ ထုတ်လာမယ်ဆိုတာကို သက်သေခံလိုက်တာပဲဖြစ်ပါတယ်။

Samsung Galaxy A Series ဖုန်းသစ်တွေမှာ Infinity Display ကို သုံးလာမယ်ဆိုရင် Fingerprint Scanner ကို ဖုန်းရဲ့နောက်ကျောဘက်ကို ပို့ရတော့မှာဖြစ်ပါတယ်။

အခုဒီ Samsung Galaxy A5 (2018) အပါအဝင် Galaxy A Series (2018) ဖုန်းတွေကို လာမယ့် ဇန်နဝါရီလမှာ တရားဝင်ကြေငြာသွားမယ်လို့ သိရှိရပါတယ်။