Samsung ကနေ လက်ရှိရောင်းချနေတဲ့ Galaxy A51 နဲ့ A71 Mid Range ဖုန်းတွေအတွက် Software Update အသစ်ကို ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ Galaxy A Series ဖုန်း ၂ လုံးဟာ လက်ရှိအချိန်မှာ Samsung အတွက်ရောင်းအားအကောင်းဆုံး စမတ်ဖုန်းတွေဖြစ်တဲ့အတွက် အခုလိုမျိုး Software Update တွေကို ဦးစားပေးပြီး ထုတ်ပေးနေပုံရပါတယ်။

အခုတစ်ကြိမ်ထွက်ရှိလာတဲ့ Software Update မှာတော့ Samsung ကနေ Galaxy S20 Series ဖုန်းတွေမှာပါဝင်တဲ့ Camera Feature တွေကို အဓိကထည့်သွင်းပေးလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Single Take ၊ My Filters ၊ Night Hyperlapse လိုမျိုး Feature တွေကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ OneUI 2.1 ရဲ့ Feature အသစ်တွေဖြစ်တဲ့ Quick Share နဲ့ Music Share လိုမျိုး Feature တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ System App တွေဖြစ်တဲ့ Samsung Keyboard နဲ့ Gallery တွေကိုလည်း Update ပြုလုပ်ခဲ့တဲ့အတွက် Undo/Redo Action အပြင် Gallery မှာလည်း Clean View Feature နဲ့ Quick Crop Feature တွေအသစ်ပါဝင်လာမှာပါ။

အဆိုပါ Software Update ဟာ လက်ရှိအချိန်မှာ အသုံးပြုသူတွေအကုန်လုံးအတွက်ထုတ်ပေးထားပြီးဖြစ်ပါတယ်။ Firmware Version အနေနဲ့ကတော့ Galaxy A51 အတွက် A515FXXU3BTF4 နဲ့ Galaxy A71 အတွက်ကတော့ A715FXXU2ATG1 အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။

Ref – GSM Arena