Samsung ဟာ ပြီးခဲ့တဲ့လတုန်းက အောင်မြင်တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A52 5G ဖုန်းအတွက် Android 12 ကို အခြေခံထားတဲ့ OneUI 4.1 Update ကို ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ Samsung Galaxy A52 4G အတွက် OneUI 4.1 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Samsung Galaxy A52 4G ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Android 12 ကို အခြေခံထားတဲ့ OneUI 4 Update ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခု OneUI 4.1 Update ဟာ Android Version ပြောင်းလဲမှာတော့မဟုတ်ဘဲ Feature ပိုင်းတွေပဲ အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

လောလောဆယ်အထိကတော့ Samsung ကနေ OneUI 4.1 နဲ့အတူ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကိုတော့ အတိအကျဖော်ပြခဲ့ခြင်းမရှိပါဘူး။ Gallery App မှာတော့ Editing Tool အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Samsung Galaxy A52 4G ဖုန်းအတွက် OneUI 4.1 Update ဟာ Brazil နိုင်ငံအတွက်ပဲထုတ်ပေးထားတာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်ပိုင်းအတွင်းမှာ တခြားသော Region တွေအနေနဲ့ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Settings > Software Update ကနေတစ်ဆင့် Update ရမရ စစ်ဆေးကြည့်နိုင်ပါတယ်။

Ref – GSM Arena