Samsung က စွမ်းရည်သင့် Galaxy A55 ကို ကြေညာလိုက်ပြီး ပရီမီယမ် ကိုယ်ထည် တပ်ဆင်ထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး သတ္တု ဖရိမ် ပါပါတယ်။ ပါဝါနဲ့ အသံခလုတ်ဟာ ဖရိမ်ကနေ တော်တော် ငေါထွက်နေတဲ့ ဒီဇိုင်း အသစ်ကို သုံးထားပါတယ်။

6.6” Super AMOLED မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Samsung Galaxy A55

Exynos 1480 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 50MP Main , 12MP Ultrawide , 5MP Macro ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

Samsung's Galaxy A55 and A35 are official with 6.6" OLED screens, focus on security - GSMArena.com news

Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားပြီး OS Update ၄ ကြိမ်နဲ့ Security Patch ၅ နှစ်ရမှာပါ။ IP67 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ 25W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်ထားပြီး Ice Blue, Lemon, Lilac နဲ့ Navy အရောင်တွေ ထုတ်လုပ်ထားပါတယ်။

8/128GB ကို ၄၈၀ ယူရို သတ်မှတ်ထားပြီး 8/256GB နဲ့ 12/256GB Version တွေလည်း ထုတ်လုပ်ထားပါတယ်။

Ref : gizmochina