Samsung ဟာ လာမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ Flagship Galaxy S24 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာပါ။ ဒါပေမယ့် အဆိုပါ Galaxy S24 Series ဖုန်းတွေတင်မဟုတ်ဘဲ တစ်ဖက်မှာ Mid Range Galaxy A Series ဖုန်းတွေကိုပါ အသစ်မိတ်ဆက်ဖို့ ပြင်ဆင်နေပြီလို့သိရပါတယ်။

အဆိုပါ Galaxy A Series ဖုန်းတွေထဲမှာ အစောဆုံးမိတ်ဆက်နိုင်တဲ့ဖုန်းက Galaxy A55 ပဲဖြစ်ပြီး အခုအချိန်မှာ Render ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ Galaxy A55 ဖုန်းဟာ လက်ရှိ Samsung ရဲ့ ရောင်းအားအကောင်းဆုံးဖုန်းဖြစ်တဲ့ Galaxy A54 နဲ့ ဒီဇိုင်းဆင်တူပေမယ့် ကွဲပြားတဲ့အချက်တစ်ခုရှိနေပါတယ်။

ဒါကတော့ Samsung Galaxy A55 ဖုန်းဟာ Galaxy A Series ဖုန်းတွေထဲမှာ Flat Design ကို အသုံးပြုလာမယ့်အပြင် ဘေးဘောင်တွေက Metal Frame ဖြစ်သွားမှာပဲဖြစ်ပါတယ်။ ကျန်တဲ့အချက်အနေနဲ့ကတော့ Triple Camera Setup နဲ့ Selfie Camera အတွက် Punch-hole Design ကိုပဲ ဆက်လက်အသုံးပြုထားမှာပါ။

နောက်ထပ် ယခင်နဲ့ကွဲပြားသွားတဲ့အချက်တစ်ခုက ဘေးဘောင်တွေက Flat Design ဖြစ်နေပေမယ့် Power Button နဲ့ Volume Keys တွေထားရှိတဲ့နေရာကို အနည်းငယ်ပြန်လည် ခုံးထားတာကိုတွေ့ရပါတယ်။ Galaxy A55 ရဲ့ အရွယ်အစားအနေနဲ့ 161.1 x 77.3 x 8.2mm ရှိမှာဖြစ်ပြီး လက်ရှိ Galaxy A54 ထက် အနည်းငယ်ပိုကြီးမှာဖြစ်ပါတယ်။

Samsung Galaxy A54 ဖုန်းနဲ့ ပတ်သက်ပြီး တခြားသောအချက်အလက်တွေကို မသိရှိရသေးဘဲ ခန့်မှန်းခြေ ၂၀၂၄ ခုနှစ် ပထမ (၃) လပါတ်အတွင်းမှာ တရားဝင်မိတ်ဆက်နိုင်ခြေရှိပါတယ်။

Ref – 9to5Google