Samsung ကနေ မကြာခင်မှာ Mid Range စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Samsung Galaxy A6 နဲ့ A6+ စမတ်ဖုန်းတွေကို ကြေငြာသွားတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ စမတ်ဖုန်း ၂ လုံးရဲ့ Specifications တွေ ထွက်ပေါ်လာပါပြီ။
Samsung Galaxy A6 ဖုန်းက 5.6″ FullHD+ Infinity Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Exynos 7870 Processor နဲ့အတူ RAM 3GB နဲ့ Storage 32GB ပါဝင်မှာပဲဖြစ်ပါတယ်။
Samsung Galaxy A6+ စမတ်ဖုန်းကတော့ Screen Size အနေနဲ့ 6″ ဖြစ်သွားမှာဖြစ်ပြီးတော့ RAM 4GB နဲ့အတူ Storage 32GB ပဲပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Processor ကလည်း Qualcomm Snapdragon 625 Processor ဖြစ်လာမှာပါ။
Samsung ရဲ့ Galaxy A8 (2018) ဖုန်းကလည်း အောင်မြင်တဲ့ Mid Range ဖုန်းတစ်ခုဖြစ်ခဲ့တဲ့အတွက် အခု Samsung Galaxy A6 ဖုန်းတွေကလည်း အောင်မြင်ဦးမယ်လို့ ယူဆရပါတယ်။