Samsung ကနေ ယခုနှစ်အစောပိုင်းမှာ Galaxy A71 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးတေ့ာ အဆိုပါ Galaxy A71 စမတ်ဖုန်းဟာ လက်ရှိအချိန်အထိ အကောင်းဆုံး Galaxy A Series စမတ်ဖုန်းတစ်လုံးလို့တောင်ပြောနိုင်ပါတယ်။

Galaxy A71 စမတ်ဖုန်းဟာ Camera ပိုင်းမှာ 64MP Primary Sensor ပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားတာဖြစ်ပြီး DxOMark ကနေ စမ်းသပ်ထားတဲ့ရမှတ်ကိုပါ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

DxOMark ရဲ့ ရမှတ်အရတော့ Galaxy A71 ရဲ့ Camera စွမ်းဆောင်ရည်က အားရစရာမကောင်းဘဲ စုစုပေါင်းရမှတ်အနေနဲ့ ၈၄ မှတ်ပဲရရှိခဲ့ပါတယ်။ အဆိုပါ ရမှတ်ဟာ Xiaomi Redmi Note 8 Pro နဲ့ သွားတူနေပြီးတော့ မနှစ်တုန်းက Galaxy A50 ဖုန်းကတောင် စုစုပေါင်းရမှတ် ၈၅ မှတ်နဲ့ ပိုကောင်းနေသေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung အနေနဲ့ Galaxy A71 ဖုန်းမှာ Camera ပိုင်းကို 64MP Quad Camera Setup တပ်ဆင်ထားပေးမယ့် Quality ပိုင်းမှာကတော့ အားနည်းနေတယ်လို့ ပြောလို့ရပါတယ်။

DxOMark ရဲ့ သုံးသပ်ချက်အရတော့ Galaxy A71 စမတ်ဖုန်းဟာ အလင်းရောင်ကောင်းစွာရရှိတဲ့အခြေအနေမျိုးမှာ Dynamic Range ကောင်းကောင်းနဲ့ Color တွေလှပတဲ့ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပေမယ့် Low Light Autofocus နဲ့ Details ပိုင်းတွေမှာ အားနည်းနေတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Night Mode ဓါတ်ပုံတွေကလည်း သာမန်အဆင့်ထက်တောင်အားနည်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ Galaxy A Series ဖုန်းတွေကို အခုနောက်ပိုင်းမှာ စွမ်းဆောင်ရည်ပိုင်းပိုကောင်းလာအောင် ဆောင်ရွက်လာတယ်ဆိုပေမယ့် Camera ပိုင်းမှာတော့ ပိုကောင်းဖို့လိုသေးတယ်လို့ပဲ သတ်မှတ်ရမှာပါ။

Ref – Giz China