Samsung ရဲ့ Galaxy A Series ဖုန်းတွေဟာ လက်ရှိအချိန်မှာ အရောင်းရဆုံးသော စမတ်ဖုန်း Series အဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် Galaxy A5x Series ဟာ နှစ်တိုင်း ရောင်းအားအကောင်းဆုံးဖုန်းအဖြစ် တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ သတ်မှတ်ခံရနေတာဖြစ်ပါတယ်။

Galaxy A5x Series ဟာ အမြဲတမ်းရောင်းအားအကောင်းဆုံးဖြစ်နေပေမယ့် အဆိုပါ Galaxy A5x Series ဟာ စွမ်းဆောင်ရည်အမြင့်မားဆုံး Galaxy A Series ဖုန်းတော့မဟုတ်ပါဘူး။ အဲ့ဒီအတွက်ကတော့ Samsung ကနေ ယခုနှစ်မှာ မိတ်ဆက်ထားတဲ့ Galaxy A73 လိုမျိုး A7x Series ကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Galaxy A5x Series ကပဲ အမြဲတမ်းရောင်းအားအကောင်းဆုံးဖြစ်နေတာကြောင့် Samsung ကနေ လာမယ့် ၂၀၂၃ ခုနှစ်မှာ Galaxy A7x Series ထုတ်လုပ်မှုကို လုံးဝရပ်ဆိုင်းလိုက်တော့မယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy A74 ဖုန်းကို နောက်နှစ်မှာ မြင်တွေ့ရတော့မှာမဟုတ်ဘဲ Galaxy A54 ကပဲ Samsung Galaxy A Series ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းလာမှာပါ။​

Samsung ရဲ့ Galaxy A7x Series ဟာ အမြဲတမ်း Galaxy A5x Series နဲ့ယှဥ်ရင် ရောင်းအားနည်းနေတာက အဓိကအချက်အနေနဲ့ စျေးနှုန်းမြင့်မားပြီး စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကွာခြားချက်မရှိတာကြောင့်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Flagship Series ထဲက စျေးနှုန်းအသက်သာဆုံးလို့ ပြောနိုင်တဲ့ Galaxy S2x FE ဖုန်းတွေရှိနေတဲ့အချိန်မှာ Galaxy A7x Series ဟာ ဝယ်ယူဖို့ မတန်ဘူးလို့ အသုံးပြုသူတွေ ယူဆတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

Ref – GSM Arena