Samsung ကနေ လာမယ့် ဇန်နဝါရီလမှာ ကျင်းပတော့မယ့် CES 2018 ပွဲမှာ Samsung Galaxy S9 ကို ပြသသွားမှာမဟုတ်ဘူးလို့ ကြေငြာခဲ့ပြီးပြီပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung က အဆိုပါ CES 2018 ပွဲကို လက်လွတ်ခံမှာတော့မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင် Samsung ကနေ Galaxy S9 ကို CES မှာ ပြသမှာမဟုတ်ပေမယ့် Mid Range ဖုန်းတစ်ခုဖြစ်လာမယ့် Samsung Galaxy A8 နဲ့ A8+ 2018 Model တွေကို ပြသသွားမယ်လို့ ပြောကြားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

Samsung Galaxy A8 နဲ့ A8+ (2018) ဖုန်းတွေက Infinity Display ပါဝင်လာမှာဖြစ်ပြီးတော့ A8+ မှာ 6″ 18:9 AMOLED Display နဲ့ A8 မှာတော့ 5.5″ 18:9 AMOLED Display တွေပါဝင်လာမှာပါ။ RAM အနေနဲ့ 4GB ပါဝင်ပြီး 64GB Storage ပါဝင်လာမယ်လို့ သိရပါတယ်။ Camera အနေနဲ့ကတော့ 16MP Back Camera နဲ့ 16MP + 8MP Front Selfie Camera တွေပါဝင်လာမယ်လို့ သိရပါတယ်။

Samsung က Mid Range ဖုန်းတွေဖြစ်တဲ့ Galaxy A8 နဲ့ A8+ (2018) Model တွေကို လာမယ့် CES 2018 မှာ ပြသသွားမှာဖြစ်သလိုပဲ LG ကလည်း Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ LG K10 ကို ပြသသွားမယ်လို့ ယူဆရပါတယ်။ အဆိုပါ LG K10 စမတ်ဖုန်းမှာတော့ 5.3-inch 1080p Display, 3GB of RAM, 32GB storage, 13 MP Main Camera နဲ့ 5 MP Selfie Camera ပါဝင်မှာဖြစ်ပြီး 3000 mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် နောက်နှစ်ရဲ့ CES ပွဲကတော့ Flagship ဖုန်းတွေနည်းပါးပြီး Mid Range ဖုန်းတွေပဲ တွေ့ရမယ့်ပွဲလို့တောင်ပြောလို့ရမှာပါ။