ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ဖုန်းကို တရားဝင်မထုတ်ပြန်ခင် YouTube Reviewer တွေကို ဖုန်းအရင် ကြိုပေးထားပြီး ဖုန်းထွက်ရှိလာတဲ့အချိန်ကြရင် Review Video ပါ တစ်ခါတည်း တက်လာအောင် ဆောင်ရွက်ထားကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဖုန်းကို တရားဝင်မကြေငြာခင်မှာတော့ Review တက်လာမျိုးက မရှိသလောက်ကို ရှားပါးတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Samsung ကနေ မကြာခင် ကြေငြာဖို့ရှိနေတဲ့ Samsung Galaxy A8 နဲ့ A8+ ဖုန်းတွေရဲ့ Review Video က YouTube မှာ တက်လာပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုတက်လာတဲ့ YouTube Video ဟာ အင်္ဂလိပ်လိုမျိုးပြောတာမဟုတ်ပဲ ယိုးဒယားလိုဖြစ်တဲ့အတွက် ပြောတဲ့စကားတွေကိုတော့ နားလည်ဖို့အနည်းငယ်ခက်ခဲမှာပါ။ ဒါပေမယ့်လည်း Samsung Galaxy A8 နဲ့ A8+ (2018) ဖုန်းတွေကို သေသေချာချာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Samsung ရဲ့ Galaxy A8 ဖုန်းမှာ 5.5″ Full HD+ AMOLED Display နဲ့ A8+ မှာ 6″ Full HD+ AMOLED Display တွေပါဝင်လာပြီး ဒီတစ်ခါမှာတော့ 18:9 Bezel-less Display တွေကိုပြောင်းလဲထားတာပဲဖြစ်ပါတယ်။ CPU အနေနဲ့ Exynos 7885 Chipset ကို အသုံးပြုထားပြီးတော့ RAM အနေနဲ့ 6GB ပါဝင်မယ်လို့ သိရရပါတယ်။ Battery အနေနဲ့ကတော့ A8 (2018) မှာ 3000mAh Battery နဲ့ A8+ (2018) မှာ 3500mAh Battery ပါဝင်မှာပါ။ ဖုန်းနှစ်လုံးစလုံး ရေစိုခံနိုင်တယ်လို့ သိရပါတယ်။

Samsung Galaxy A8 (2018) ဖုန်းတွေမှာ နောက်ကျောဘက်ကင်မရာက တစ်ခုထဲပါပေမယ့် အရှေ့ဘက် Selfie Camera မှာတော့ Dual Camera ကို တပ်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။

အသေးစိတ်ကိုတော့ အောက်က Review Video မှာပဲ ကြည့်ရှုနိုင်မှာပါ။

https://youtu.be/C_7qYvejkTc