[Zawgyi]

ယေန႔ညေနမွာေတာ့ နာမည္ေက်ာ္စမတ္ဖုန္းထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ Samsung ဟာ သူ႕ရဲ႕ Galaxy A စီးရီး ဖုန္းအသစ္မ်ားကို ကမာၻ႕ၿမိဳ႕ႀကီးေတြမွာ တၿပိဳင္တည္းမိတ္ဆက္လာခဲ့ပါတယ္။ ဒီပြဲမွာ အာရုံစုိက္မႈ အမ်ားဆုံးခံရတာကေတာ့ Galaxy A80 စမတ္ဖုန္းျဖစ္ကာ သူ႕မွာ ထူးျခားခ်က္အေနနဲ႔ Slider ပုံစံနဲ႔ ထည့္သြင္းလာတဲ့ ကင္မရာဟာ ေရွ႕ဘက္ကိုလည္း လွည့္လို႔ရၿပီး ဆယ္လ္ဖီကင္မရာအျဖစ္ပါ ႏွစ္ဖက္လွ အသုံးျပဳႏုိင္တာပါပဲ။ ဒါေၾကာင့္ 48MP Selfie ဓါတ္ပုံရုိက္ႏုိင္မယ့္ ကမာၻ႕ပထမဆုံးစမတ္ဖုန္းလည္း ျဖစ္လာမွာပါ။

အသစ္တဖန္ျပန္လည္ဆန္းသစ္လာတဲ့ Galaxy A စီးရီးဟာ “Era of Live” ဆုိတဲ့ ေဆာင္ပုဒ္နဲ႔အတူ တက္ၾကြတဲ့ လူငယ္ေတြရဲ႕ လိုအပ္ခ်က္ျဖစ္တဲ့ ႀကီးမားၿပီးအေႏွာင့္အယွက္ကင္းတဲ့ Display Panel, ပုိေကာင္းတဲ့ ကင္မရာနဲ႔ ဒါေတြကို စြမ္းအင္ၾကာျမင့္စြာေထာက္ပံ့ေပးႏုိင္မယ့္ ဘကၳရီတုိ႔ကို အသားေပးလာခဲ့တယ္။

Galaxy A80 စမတ္ဖုန္းဟာ Galaxy ဖုန္းေတြထဲမွာ Resolution အျမင့္မားဆုံး Sensor ကို ယူေဆာင္လာၿပီး အဓိကကင္မရာ 48MP f/2.0 နဲ႔အတူ Ultra-wide ျမင္ကြင္းက်ယ္ 8MP ကင္မရာ၊ 3D ToF Sensor တုိ႔ကို တြဲဖက္ထည့္သြင္းထားတယ္။ Ultra-wide ကင္မရာဟာ ျမင္ကြင္း 123° ထိ လႊမ္းျခဳံေပးႏုိင္မွာ ျဖစ္ကာ 3D ToF Sensor ကေတာ့ ဓါတ္ပုံေတြ၊ ဗီဒီယုိေတြကို ရုိက္ကူးတဲ့အခါ Depth ပုိျပတ္သားေစတဲ့ Live Focus စနစ္ပါဝင္လာပါတယ္။

*Sample Photo with Galaxy A80 Camera*

ကင္မရာကို ေရွ႕ေနာက္ႏွစ္မ်ဳိးလုံး သုံးလုိ႔ရမယ့္ ပုံစံနဲ႔ ထည့္သြင္းလာတဲ့အတြက္ ေရွ႕မ်က္ႏွာျပင္ဟာ Notch ေတြ၊ အေပါက္ေတြ ဘာမွမပါဘဲ 6.7” လက္မအရြယ္ Super AMOLED မ်က္ႏွာျပင္ဟာ ရွင္းလင္းေနပါတယ္။ Screen Resolution 1080 x 2400p ရွိၿပီး In-display Fingerprint လည္း ပါပါတယ္။

Samsung Galaxy A80 ဖုန္းကို ကိုယ္ထည္ႏွစ္ဖက္စလုံးမွာ Curved Glass ေတြအသုံးျပဳထားၿပီး သတၳဳဖရိန္နဲ႔ ကြပ္ထားတယ္။ ဘကၳရီက 3,700 mAh ျဖစ္ၿပီး 25W Super Fast Charging အားသြင္းစနစ္ ပါဝင္တယ္။

အတြင္းမွာ 8GB RAM မန္မုိရီနဲ႔ 128GB Storage ပါရွိကာ မန္မုိရီပုိမ်ားတဲ့ ဗားရွင္းမရွိေသးသလို MicroSD လည္း မပါပါဘူး။ စထြက္ခ်င္းမွာတည္းက Android 9 Pie OS ကို One UI နဲ႔ အသုံးျပဳရမွာပါ။

Galaxy A80 စမတ္ဖုန္းကို အေရာင္သုံးမ်ဳိးနဲ႔ ထုတ္လုပ္လာၿပီး Phantom Black, Angel Gold နဲ႔ Ghost White လို႔ ဒ႑ာရီဆန္ဆန္ အမည္လွလွေပးလာတယ္။ Angel Gold နဲ႔ Ghost White ဖုန္းေတြဟာ ကုိယ္ထည္ေပၚ အလင္းေရာင္က်တဲ့ပုံကို လိုက္ၿပီး ပန္းေရာင္ေဖ်ာ့ေဖ်ာ့နဲ႔ အျပာေရာင္ဆန္ဆန္ အေရာင္ေလးေတြ ထြက္လာမွာပါ။

Samsung Galaxy A80 ဖုန္းကို ျမန္မာေငြဆယ္သိန္းဝန္းက်င္ေစ်းႏႈန္းနဲ႔ လာမယ့္ဇြန္လဆန္းမွာ ျမန္မာႏုိင္ငံတြင္းသို႔ စတင္ေရာင္းခ်လာမယ္လို႔လည္း သိရပါတယ္။

[Unicode]

ယနေ့ညနေမှာတော့ နာမည်ကျော်စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Samsung ဟာ သူ့ရဲ့ Galaxy A စီးရီး ဖုန်းအသစ်များကို ကမ္ဘာ့မြို့ကြီးတွေမှာ တပြိုင်တည်းမိတ်ဆက်လာခဲ့ပါတယ်။ ဒီပွဲမှာ အာရုံစိုက်မှု အများဆုံးခံရတာကတော့ Galaxy A80 စမတ်ဖုန်းဖြစ်ကာ သူ့မှာ ထူးခြားချက်အနေနဲ့ Slider ပုံစံနဲ့ ထည့်သွင်းလာတဲ့ ကင်မရာဟာ ရှေ့ဘက်ကိုလည်း လှည့်လို့ရပြီး ဆယ်လ်ဖီကင်မရာအဖြစ်ပါ နှစ်ဖက်လှ အသုံးပြုနိုင်တာပါပဲ။ ဒါကြောင့် 48MP Selfie ဓါတ်ပုံရိုက်နိုင်မယ့် ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာမှာပါ။

အသစ်တဖန်ပြန်လည်ဆန်းသစ်လာတဲ့ Galaxy A စီးရီးဟာ “Era of Live” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ တက်ကြွတဲ့ လူငယ်တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကြီးမားပြီးအနှောင့်အယှက်ကင်းတဲ့ Display Panel, ပိုကောင်းတဲ့ ကင်မရာနဲ့ ဒါတွေကို စွမ်းအင်ကြာမြင့်စွာထောက်ပံ့ပေးနိုင်မယ့် ဘက္ထရီတို့ကို အသားပေးလာခဲ့တယ်။

Galaxy A80 စမတ်ဖုန်းဟာ Galaxy ဖုန်းတွေထဲမှာ Resolution အမြင့်မားဆုံး Sensor ကို ယူဆောင်လာပြီး အဓိကကင်မရာ 48MP f/2.0 နဲ့အတူ Ultra-wide မြင်ကွင်းကျယ် 8MP ကင်မရာ၊ 3D ToF Sensor တို့ကို တွဲဖက်ထည့်သွင်းထားတယ်။ Ultra-wide ကင်မရာဟာ မြင်ကွင်း 123° ထိ လွှမ်းခြုံပေးနိုင်မှာ ဖြစ်ကာ 3D ToF Sensor ကတော့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို ရိုက်ကူးတဲ့အခါ Depth ပိုပြတ်သားစေတဲ့ Live Focus စနစ်ပါဝင်လာပါတယ်။

*Sample Photo with Galaxy A80 Camera*

ကင်မရာကို ရှေ့နောက်နှစ်မျိုးလုံး သုံးလို့ရမယ့် ပုံစံနဲ့ ထည့်သွင်းလာတဲ့အတွက် ရှေ့မျက်နှာပြင်ဟာ Notch တွေ၊ အပေါက်တွေ ဘာမှမပါဘဲ 6.7” လက်မအရွယ် Super AMOLED မျက်နှာပြင်ဟာ ရှင်းလင်းနေပါတယ်။ Screen Resolution 1080 x 2400p ရှိပြီး In-display Fingerprint လည်း ပါပါတယ်။

Samsung Galaxy A80 ဖုန်းကို ကိုယ်ထည်နှစ်ဖက်စလုံးမှာ Curved Glass တွေအသုံးပြုထားပြီး သတ္ထုဖရိန်နဲ့ ကွပ်ထားတယ်။ ဘက္ထရီက 3,700 mAh ဖြစ်ပြီး 25W Super Fast Charging အားသွင်းစနစ် ပါဝင်တယ်။

အတွင်းမှာ 8GB RAM မန်မိုရီနဲ့ 128GB Storage ပါရှိကာ မန်မိုရီပိုများတဲ့ ဗားရှင်းမရှိသေးသလို MicroSD လည်း မပါပါဘူး။ စထွက်ချင်းမှာတည်းက Android 9 Pie OS ကို One UI နဲ့ အသုံးပြုရမှာပါ။

Galaxy A80 စမတ်ဖုန်းကို အရောင်သုံးမျိုးနဲ့ ထုတ်လုပ်လာပြီး Phantom Black, Angel Gold နဲ့ Ghost White လို့ ဒဏ္ဍာရီဆန်ဆန် အမည်လှလှပေးလာတယ်။ Angel Gold နဲ့ Ghost White ဖုန်းတွေဟာ ကိုယ်ထည်ပေါ် အလင်းရောင်ကျတဲ့ပုံကို လိုက်ပြီး ပန်းရောင်ဖျော့ဖျော့နဲ့ အပြာရောင်ဆန်ဆန် အရောင်လေးတွေ ထွက်လာမှာပါ။

Samsung Galaxy A80 ဖုန်းကို မြန်မာငွေဆယ်သိန်းဝန်းကျင်ဈေးနှုန်းနဲ့ လာမယ့်ဇွန်လဆန်းမှာ မြန်မာနိုင်ငံတွင်းသို့ စတင်ရောင်းချလာမယ်လို့လည်း သိရပါတယ်။