Samsung Galaxy Buds X TWS Earphone အသစ်ဟာ FCC အတည်ပြုချက်ကို မကြာသေးခင်လေးကမှ ရယူခဲ့ပါတယ်။ True Wireless Set အသစ်ကို ဇူလိုင် ၂၂ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားပြီး Galaxy Watch 3 ကိုလည်း တစ်ပြိုင်တည်း တွေ့လာရနိုင်ပါတယ်။

Buds X နားကြပ်တွေဟာ အရွယ်အစား 26 x 15 x 14 mm ရှိပြီး 5g အလေးချိန်ရှိမှာပါ။ သူတို့ရဲ့ ပုံသဏ္ဍာန်ကြောင့် “ပဲစေ့” လို့ ခေါ်ဝေါ်ခြင်းကို ခံရပြီး လက်ရှိမျိုးဆက် Galaxy Buds+ တွေလို နားအပြင်ဘက်မှာ ချိတ်ထားရမယ့်အစား နားရွက်ထဲကို ထည့်သွင်းသုံးစွဲရမယ်လို့ ဆိုပါတယ်။

Buds X မျိုးဆက်မှာ ပြင်ပဆူညံသံဖျောက်ပေးတဲ့ Noise Cancellation နည်းပညာလည်း ပါဝင်လာဖို့ မျှော်လင့်ထားပြီး Apple ရဲ့ AirPods Pro ကို ယှဉ်ပြိုင်ဖို့အတွက် ဒေါ်လာ ၁၄၀ (မြန်မာငွေ တစ်သိန်းကိုးသောင်း) စျေးနှုန်းလောက် သတ်မှတ်လာမှာပါ။

တကယ်လို့သာ ဇူလိုင် ၂၂ ရက်နေ့ မိတ်ဆက်ပွဲသတင်းမမှန်ခဲ့ရင်တော့ Galaxy Buds X ကို ဩဂုတ်လ ၅ ရက်နေ့ Galaxy Unpacked Event မှာ Galaxy Note20, Fold 2 နဲ့ Z Flip 5G တို့နှင့်အတူ ပွဲထုတ်လာနိုင်ပါတယ်။

Ref – GSMArena