Samsung ကနေ ယခုနှစ်အစောပိုင်းတုန်းက Galaxy S20 Series ဖုန်းတွေနဲ့အတူ Galaxy Buds+ Wireless Earbuds အသစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အခုလည်း Samsung ကနေ Galaxy BudsX နာမည်နဲ့ Earbuds အသစ်ကို မိတ်ဆက်သွားတော့မှာပါ။

အဆိုပါ Galaxy BudsX ရဲ့ ထူးခြားချက်အနေနဲ့ကတော့ ပုံမှန် Wireless Earbuds လိုမျိုး ပုံစံမျိုးပြုလုပ်ထားတာမဟုတ်ဘဲ Silicon Ear-tips တွေပါဝင်ခြင်းမရှိတဲ့ ပဲစေ့ပုံစံနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ လက်ရှိသိရှိထားတဲ့သတင်းတွေအရတော့ အဆိုပါ Galaxy BudsX ဟာ Fitness Earbuds တစ်ခုအနေနဲ့ အဓိကထားပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

အခုလည်း နောက်ထပ်သတင်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရပြီး အဲ့ဒါကတော့ Samsung ကနေ Galaxy BudsX အတွက်ရယူထားတဲ့ Trademark တစ်ခုမှာ “MP3 player and wearable wireless headset sold as a unit“ ဆိုပြီး ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung Galaxy BudsX ဟာ ကိုယ်ပိုင် Storage ပါဝင်လာမှာဖြစ်ပြီး လက်ရှိ Samsung Smartwatch တွေလိုမျိုးပဲ သီချင်းတွေ၊ Audiobook တွေနဲ့ Podcast တွေကို ထည့်သွင်းထားပြီး နားထောင်နိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ဖုန်းနဲ့ ချိတ်စရာမလိုအပ်ဘဲ သီချင်းနားထောင်နိုင်မယ့်အပြင် Galaxy BudsX မှာ Active Noise Cancellation လိုမျိုး Feature တွေလည်းပါဝင်လာမယ်ဆိုရင် ရောင်းအားကောင်းဦးမယ့် Wireless Earbuds တစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – Giz China