Samsung Galaxy C9 စမတ်ဖုန်းဟာ ပြီးခဲ့တဲနှစ်တုန်းက Samsung ရဲ့ အောင်မြင်မှုအရှိဆုံးစမတ်ဖုန်းတစ်ခုဖြစ်ခဲ့ပြီးတော့ အခုအချိန်မှာလည်း Samsung ကနေ Galaxy C10 စမတ်ဖုန်းကို ထပ်မံထုတ်လုပ်ဦးမယ်လို့ သိရှိရပါတယ်။

အခုထပ်မံထွက်ရှိလာဦးမယ့် Samsung Galaxy C10 စမတ်ဖုန်းဟာ ဘယ်လိုဒီဇိုင်းပုံစံရှိဦးမလဲဆိုတာကိုတော့ မသိရသေးပဲ နာမည်ကြီး Benchmark Software တစ်ခုဖြစ်တဲ့ Antutu Benchmark မှာ ပေါက်ကြားလာတာဖြစ်တဲ့အတွက် ပါဝင်တဲ့ Specifications တွေကိုပဲ သိရှိခဲ့ရတာဖြစ်ပါတယ်။

အခုပေါက်ကြားလာတဲ့ Specifications တွေအရတော့ Galaxy C10 စမတ်ဖုန်းဟာ Codename အနေနဲ့ SM-C9150 လို့ ပေးထားမှာဖြစ်ပြီးတော့ Qualcomm Snapdragon 660 Processor ၊ RAM 6GB နဲ့ Storage 64GB ပါဝင်တဲ့အတွက်ကြောင့် စွမ်းဆောင်ရည်မြင့်မားတဲ့ Mid-Range ဖုန်းတစ်ခုဖြစ်လာတောမယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် အခု Galaxy C10 စမတ်ဖုန်းရဲ့ Resolution ဟာ သာမန် 16:9 Ratio Full HD Resolution ပဲရှိတဲ့အတွက်ကြောင့် Infinity Display တော့ ပါဝင်လာမယ့်ပုံမပေါ်ပါဘူး။