Samsung ဟာ မနှစ်တုန်းက မိတ်ဆက်ထားတဲ့ F Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy F12 ရဲ့ မျိုးဆက်သစ်ဖုန်းဖြစ်လာမယ့် Galaxy F13 ဖုန်းကို မကြာခင်မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း အဆိုပါ Galaxy F13 ဖုန်းရဲ့ Specification တွေဟာ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ ပေါက်ကြားလာခဲ့ပါပြီ။

Geekbench Benchmark ရဲ့ ဖော်ပြချက်အရ Samsung Galaxy F13 ဟာ Model Number အနေနဲ့ SM-E135F အနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Performance အနေနဲ့ကတော့ Samsung Exynos 850 Processor ကို အသုံးပြုထားမယ်လို့သိရပါတယ်။

ဒါပေမယ့် Benchmark အနေနဲ့ကတော့ Single-core Score 157 Points နဲ့ Multi-core Score မှာ 587 Points ပဲရရှိထားတာကြောင့် Pre-production အနေနဲ့ပဲ ရှိဦးမယ်လို့ ယူဆရပြီး တကယ်မိတ်ဆက်ရောင်းချတဲ့အချိန်မှာတော့ Performance ပိုကောင်းလာမယ်လို့ ယူဆရပါတယ်။ RAM အနေနဲ့လည်း 4GB ပဲပါဝင်မှာဖြစ်ပြီး Software ပိုင်းအနေနဲ့ကတော့ Android 12 OS ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy F12 စမတ်ဖုန်းမှာလည်း Exynos 850 Chipset ကိုပဲ အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းထက် Design ပိုင်း၊ Camera ပိုင်းကို ပိုပြီး အဆင့်မြှင့်တင်လာမယ်လို့ ယူဆရပါတယ်။ Samsung Galaxy F13 ဖုန်းဟာ တချို့သော Region တွေမှာ Galaxy A13 ဖုန်းအနေနဲ့လည်း နာမည်ပြောင်းလဲပြီး မိတ်ဆက်ဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ Specification တွေအနေနဲ့ကတော့ 6.6″ Full HD+ LCD Display ၊ 50MP Primary Camera ၊ 15W Charging တွေပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena