[Zawgyi]

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက မိတ္ဆက္ေပးခဲ့တဲ့ Galaxy Fold ကို အေမရိကန္နဲ႔ ဥေရာပႏိုင္ငံအခ်ိဳ႕မွာပဲ ေရာင္းခ်မယ္လို႔ Samsung က ဆုံးျဖတ္ခဲ့ပါတယ္။ တန္ေၾကးအားျဖင့္ ျမင့္မားလြန္းတာေၾကာင့္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံႀကီးေတြကသာ ဒီဖုန္းအတြက္ သင့္ေတာ္တဲ့ေဈးကြက္ျဖစ္တယ္ဆိုတာက ရွင္းလင္းလြန္းပါတယ္။

ဒါေၾကာင့္ Galaxy Fold ကို လာမယ့္ ဧၿပီလ ၂၆ ရက္ေန႔မွာ အေမရိကန္ေဈးကြက္အတြင္း စတင္ဝယ္ယူႏိုင္မွာျဖစ္သလို ေမလ ၃ ရက္ေန႔မွာလည္း ဥေရာပေဈးကြက္မွာ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးက သူတို႔ရဲ႕ Foldable ဖုန္းကို အိႏၵိယေဈးကြက္မွာလည္း ေရာင္းခ်ဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

အိႏၵိယႏိုင္ငံ နယူးေဒလီမွာ က်င္းပျပဳလုပ္တဲ့ Galaxy S10 သုံးမ်ိဳးအတြက္ အခမ္းအနားမွာ Samsung ရဲ႕ မိုလ္ဘိုင္းဌာနခြဲ CEO DJ Koh က Galaxy Fold ဟာ အိႏၵိယကိုလည္း ေရာက္ရွိလာမွာျဖစ္တယ္လို႔ အသိေပးေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ေရာက္ရွိမယ္ဆိုတဲ့ အခ်ိန္အတိအက်ကိုေတာ့ Koh က ဖြင့္မေျပာခဲ့ပါဘူး။

Samsung အေနနဲ႔ အိႏၵိယေဈးကြက္ကို တင္သြင္းမယ့္ Galaxy Fold ေတြအတြက္ ေဈးႏႈန္းေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္းလည္း Koh က ထပ္မံေျပာဆိုခဲ့ပါတယ္။ အေမရိကန္မွာ ေရာင္းခ်ေနတဲ့ Galaxy Fold ရဲ႕ တန္ဖိုးဟာ $1,980 ျဖစ္တာေၾကာင့္ အိႏၵိယေငြေၾကးနဲ႔ဆိုရင္ ႐ူပီး ၁သိန္း၄ေသာင္းဝန္းက်င္ ျဖစ္ပါတယ္။

ဒါ့အျပင္ Samsung ဟာ Galaxy S10 G ကိုလည္း အိႏၵိယမွာ ျဖန႔္ခ်ိႏိုင္ေၾကာင္း အရိပ္အႁမြက္ေျပာသြားခဲ့ပါေသးတယ္။ ဒါေပမယ့္ ဒီ 5G စမတ္ဖုန္းကို အိႏၵိယႏိုင္ငံတြင္းမွာ 5G ကြန္ရက္ေတြ ျဖန႔္က်က္ၿပီးေနာက္ပိုင္းမွ လက္ေတြ႕ျဖန႔္ခ်ိဖို႔ ျဖစ္လာႏိုင္တဲ့အတြက္ အခ်ိန္ၾကာျမင့္ဦးမယ္လို႔ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

Galaxy Fold နဲ့ Galaxy S10 5G ကို အိန္ဒိယမှာလည်း ရောင်းချမယ်လို့ Samsung အတည်ပြု

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ပေးခဲ့တဲ့ Galaxy Fold ကို အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့မှာပဲ ရောင်းချမယ်လို့ Samsung က ဆုံးဖြတ်ခဲ့ပါတယ်။ တန်ကြေးအားဖြင့် မြင့်မားလွန်းတာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကသာ ဒီဖုန်းအတွက် သင့်တော်တဲ့ဈေးကွက်ဖြစ်တယ်ဆိုတာက ရှင်းလင်းလွန်းပါတယ်။

ဒါကြောင့် Galaxy Fold ကို လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ အမေရိကန်ဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်မှာဖြစ်သလို မေလ ၃ ရက်နေ့မှာလည်း ဥရောပဈေးကွက်မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးက သူတို့ရဲ့ Foldable ဖုန်းကို အိန္ဒိယဈေးကွက်မှာလည်း ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပပြုလုပ်တဲ့ Galaxy S10 သုံးမျိုးအတွက် အခမ်းအနားမှာ Samsung ရဲ့ မိုလ်ဘိုင်းဌာနခွဲ CEO DJ Koh က Galaxy Fold ဟာ အိန္ဒိယကိုလည်း ရောက်ရှိလာမှာဖြစ်တယ်လို့ အသိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ရောက်ရှိမယ်ဆိုတဲ့ အချိန်အတိအကျကိုတော့ Koh က ဖွင့်မပြောခဲ့ပါဘူး။

Samsung အနေနဲ့ အိန္ဒိယဈေးကွက်ကို တင်သွင်းမယ့် Galaxy Fold တွေအတွက် ဈေးနှုန်းလျှော့ချနိုင်ဖို့ ကြိုးပမ်းနေကြောင်းလည်း Koh က ထပ်မံပြောဆိုခဲ့ပါတယ်။ အမေရိကန်မှာ ရောင်းချနေတဲ့ Galaxy Fold ရဲ့ တန်ဖိုးဟာ $1,980 ဖြစ်တာကြောင့် အိန္ဒိယငွေကြေးနဲ့ဆိုရင် ရူပီး ၁သိန်း၄သောင်းဝန်းကျင် ဖြစ်ပါတယ်။

ဒါ့အပြင် Samsung ဟာ Galaxy S10 G ကိုလည်း အိန္ဒိယမှာ ဖြန့်ချိနိုင်ကြောင်း အရိပ်အမြွက်ပြောသွားခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီ 5G စမတ်ဖုန်းကို အိန္ဒိယနိုင်ငံတွင်းမှာ 5G ကွန်ရက်တွေ ဖြန့်ကျက်ပြီးနောက်ပိုင်းမှ လက်တွေ့ဖြန့်ချိဖို့ ဖြစ်လာနိုင်တဲ့အတွက် အချိန်ကြာမြင့်ဦးမယ်လို့ ဆိုရမှာပါ။

Ref: GSMArena