Samsung ကနေ အခု ၂၀၁၇ ခုနှစ်ကုန်ဆုံးပြီး ၂၀၁၈ ခုနှစ်ထဲကိုရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် သူရဲ့ Mid Range နဲ့ Budget ဖုန်း Series တွေဖြစ်တဲ့ Galaxy A Series နဲ့ Galaxy J Series ဖုန်းတွေကိုလည်း 2018 Model အနေနဲ့ ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

အခုအချိန်မှာ Samsung ကနေ Galaxy A8 နဲ့ Galaxy A8+ (2018) ဖုန်းတွေကို ထုတ်လုပ်ထားပြီးဖြစ်ပြီး အခုအချိန်မှာတော့ Samsung ကနေ ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျတ်ဖုန်းတွေတစ်ခုဖြစ်တဲ့ Galaxy J2 (2018) စမတ်ဖုန်းကို ထုတ်လုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

အခု Samsung Galaxy J2 (2018) ဖုန်းဟာ နောက်နှစ်မှာ ထုတ်လုပ်မယ့် Samsung ဖုန်းတွေထဲမှာ ဈေးနှုန်းအသက်သာဆုံးဖြစ်နိုင်ပြီး ပါဝင်တဲ့ Specifications တွေအရလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ Samsung Galaxy J2 (2018) မှာ 5″ Super AMOLED Display ပါလာမှာဖြစ်ပြီး 1.5GB RAM နဲ့ 16GB Storage ပါဝင်မယ်လို့သိရပါတယ်။ ဘတ်ဂျတ်ဖုန်းတစ်ခုဖြစ်ပေမယ့် Qualcomm Snapdragon 425 CPU ကို အသုံးပြုလာမှာပါ။

ကင်မရာပိုင်းအနေနဲ့ကတော့ အနောက်ဖက်မှာ 8MP ကင်မရာနဲ့ အရှေ့ဘက် Selfie Camera ကတော့ 5MP ပါဝင်မှာဖြစ်ပါတယ်။ အခု Samsung Galaxy J2 (2018) ဖုန်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀ ဝန်းကျင်ထဲနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။