Samsung ဖုန်းတွေက တနှစ်ကုန်သွားတာနဲ့အမျှ နောက်နှစ် ၂၀၁၈ အတွက် စမတ်ဖုန်းတွေထပ်ထွက်လာတော့မှာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အစောဆုံးမော်ဒယ်အနေနဲ့ မြင်လာရဖို့ရှိတာကတော့ Galaxy J3 (2018) ဖုန်းပဲဖြစ်ပါလိမ့်မယ်။

အခုထွက်ရှိလာမယ့် Samsung Galaxy J3 (2018) ဟာ ၅ လက်မအရွယ် HD Resolution Display ပဲပါဝင်လာမယ်ဆိုပေမယ့် အခြားသော စွမ်းဆောင်ရည်ပိုင်းမှာတော့ အဆင့်မြှင့်တင်ထားတာကို တွေ့ရမှာပါ။

အဓိကပြောင်းလဲသွားတာ Processor အနေနဲ့ Exynos 7885 CPU ကိုပြောင်းလဲအသုံးပြုလာမှာဖြစ်ပြီး ယခင်ထက် စွမ်းဆောင်ရည်ပိုကောင်းလာမှာဖြစ်ပါတယ်။ RAM 2 GB နဲ့ Storage ကိုလည်း 16 GB နဲ့ပဲ ပြန်လည်ပါဝင်လာဖို့များနေပါတယ်။

ကင်မရာပိုင်းမှာလည်း အနည်းငယ်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး အခု J3 (2018) မှာ 8MP Back Camera နဲ့ 5MP Selfie Camera ပဲပါဝင်တော့မယ်လို့ သိရပါတယ်။ အခြားသော အချက်အလက်တွေနဲ့ ဈေးနှုန်းကတော့ အတိအကျမသိရှိရသေးပါဘူး။