Samsung ကနေ အခုနှစ်အတွက် Galaxy J Series စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ အခုလက်ရှိမှာ Samsung Galaxy J4 နဲ့ Galaxy J7 စမတ်ဖုန်းတွေရဲ့ အချက်အလက်တွေကို ထွက်ပေါ်လာပြီးတော့ အခုအချိန်မှာတော့ Samsung Galaxy J8 ဖုန်းအကြောင်းကိုပါ သိရှိလာရပြီဖြစ်ပါတယ်။

Samsung ရဲ့ အခု Galaxy J8 စမတ်ဖုန်းဟာ Exynos 7870 Processor နဲ့အတူ RAM 3GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းအရတော့ ကောင်းမွန်တဲ့လို့ပြောလို့ရပါတယ်။

အခု Samsung Galaxy J8 ဖုန်းဟာ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ 18:9 Ratio Display ကို ပါဝင်လာမလားဆိုတာကတော့ အတိအကျမသိသေးပေမယ့် Samsung Galaxy A8 (2018) မှာလည်း 18:8 Ratio Display ကို သုံးခဲ့တဲ့အတွက် Galaxy J8 မှာလည်းပါဝင်လာနိုင်ပါတယ်။