Samsung ကနေ Entry စမတ်ဖုန်းတစ်လုံးဖြစ်လာဦးမယ့် Galaxy M11 ကို မကြာခင်မှာ မိတ်ဆက်သွားတော့မှာပါ။ အဆိုပါ Galaxy M11 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ Galaxy M10 နဲ့ M10s လိုမျိုး ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖြစ်လာမှာဖြစ်ပြီး အခုထွက်ရှိလာတဲ့ Leak ဓါတ်ပုံတွေအရတော့ စိတ်ဝင်စားစရာပါ။

ဘာကြောင့်လဲဆိုရင် Galaxy M11 စမတ်ဖုန်းဟာ 5000mAh Battery နဲ့ Triple Camera Setup ကိုထည့်သွင်းထားမယ့်အပြင် Display ကလည်း Infinity-O Punch-hole Selfie Camera Setup ကို သုံးလာမှာပါ။ အဲ့ဒါကြောင့် Galaxy M31 လိုမျိုး ဖုန်းတွေထက်တောင် ပိုသာနေသလိုဖြစ်နေပါပြီ။

Galaxy M11 ဖုန်းဟာ Fingerprint Sensor ကို နောက်ကျောဘက်မှာတပ်ဆင်ထားပြီး LCD Display ကိုပဲ အသုံးပြုထားမှာပါ။ ဖုန်းရဲ့အောက်ဖက်မှာ 3.5mm Audio Port ပါဝင်မှာဖြစ်ပြီး Speaker Grill အပြင် USB Port ပါဝင်မှာဖြစ်ပါတယ်။

Charging ပိုင်းအနေနဲ့လည်း 15W Fast Charging ပါဝင်မယ့်အပြင် Galaxy M11 ဟာ ပုံမှန် Galaxy M Series ဖုန်းတွေထက် အနည်းငယ်ပိုရှည်တဲ့အတွက် 20:9 Ratio Display ကိုလည်းအသုံးပြုလာနိုင်ခြေများနေပါတယ်။ ဘာပဲဖြစ်ဖြစ် Entry ဖုန်းတစ်လုံးအနေနဲ့ကတော့ Galaxy M11 ဖုန်းက အောင်မြင်လာဦးမယ့်ပုံစံပါပဲ။

Ref – GSM Arena