Samsung က တန်ဖိုးနည်း စွမ်းရည်နိမ့် Galaxy M15 ကို အီရတ် Samsung Website မှာ စာရင်းတင်ထားပါတယ်။ ဒါပေမယ့် ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မဖော်ပြထားသေးပါဘူး။ Specs နဲ့ တရားဝင် ဓါတ်ပုံတွေကိုတော့ ဖော်ပြထားပါတယ်။

Samsung Galaxy M15 quietly revealed in some regions, now sports an OLED display

Galaxy M15 ဟာ အရင်မျိုးဆက် M14 ထက် အများကြီး တိုးတက်လာပြီး IPS LCD မျက်နှာပြင်အစား 6.5” OLED မျက်နှာပြင်နဲ့အစားထိုးထားပါတယ်။ 90Hz Refresh Rate နဲ့ FHD+ Resolution ထောက်ပံ့ထားပါတယ်။

Dimensity 6100+ Chipset မောင်းနှင်ထားပြီး M14 ရဲ့ Exynos 1330 ထက် ပိုကောင်းလာပါတယ်။ SoC ကို 4GB RAM , 128GB Storage နဲ့ တွဲဖက်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

Samsung Galaxy M15 quietly debuts with OLED display - GSMArena.com news

အနောက်ဘက်မှာ 50MP , 5MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 13MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။ 25W Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါလာပြီး Android 14 မောင်းနှင်ထားပါတယ်။

Light Blue, Dark Blue နဲ့ Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Galaxy M15 ကို ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မကြာခင်မှာ သိရမှာ ဖြစ်ပါတယ်။

Ref : gsmarena