Samsung ကနေ အခုနောက်ဆုံးအနေနဲ့ Mid Range M Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy M52 5G ဖုန်းကို Poland မှာ ပထမဆုံးအနေနဲ့ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Galaxy M52 5G စမတ်ဖုန်းဟာ India နိုင်ငံမှာ လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပြီး Poland နိုင်ငံမှာ အစောဆုံးအနေနဲ့ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

Samsung Poland Website မှာ Galaxy M52 5G ဖုန်းကို တရားဝင်မိတ်ဆက်ထားပေးမယ့်လည်း စျေးနှုန်းအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ Specification တွေကိုတော့ အပြည့်အစုံဖော်ပြထားပါတယ်။

Galaxy M52 5G ဖုန်းဟာ 6.7″ Super AMOLED Plus Display ကိုအသုံးပြုထားပြီး Full HD+ Resolution ရှိမှာဖြစ်ပါတယ်။ Selfie Camera အတွက်ကတော့ 32MP Camera ကို Punch-hole Design နဲ့ အသုံးပြုထားပါတယ်။ Refresh Rate ကိုလည်း 120Hz အထိ Support ပေးနိုင်ဦးမှာပါ။

Super AMOLED Plus Display ကိုအသုံးပြုထားပေမယ့်လည်း Under Display Fingerprint Sensor အစား Power Button မှာပဲ Fingerprint Sensor ကို ထည့်သွင်းပေးထားပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ နောက်ကျောဘက်မှာ 64MP Primary Sensor ကိုမှ 12MP Ultrawide Sensor နဲ့ 5MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 778 5G Chipset ကိုမှ RAM 6GB နဲ့ 128GB Storage တွေထည့်သွင်းပေးထားပါတယ်။ Battery ပိုင်းမှာတော့ 5000mAh Battery ကိုမှ 25W Fast Charging ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ Android 11 ကိုမှ One UI 3.1 နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။

Samsung Galaxy M52 5G ဖုန်းဟာ အရောင်အနေနဲ့ Blue ၊ Black နဲ့ White ဆိုပြီး ၃ ရောင်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၄၅၀ ဝန်းကျင် ကျသင့်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref – GSM Arena