‌Samsung က ဘရာဇီးမှာ Galaxy M55 ကို ကြေညာလိုက်ပါတယ်။ Galaxy M Series ဖုန်းတွေဟာ Galaxy A Series ဖုန်းတွေနဲ့ များသောအားဖြင့် Specs တူညီကြပါတယ်။

Samsung Galaxy M55 camera setup

Galaxy M55 မှာ 6.7” Super AMOLED Plus FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Punch Hole မှာ 50MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Galaxy M55 features a 5,000 mAh battery with 45W charging

အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးပါပါတယ်။ Snapdragon 7 Gen 1 Chipset နဲ့အတူ 8GB RAM , 256GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု One UI 6.1 မောင်းနှင်ထားပြီး Android Update ၄ ခုနဲ့ Security Patch ၅ နှစ်ရမှာပါ။

Samsung 45W Super Fast Charging 2.0 ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး မိနစ် ၃၀ အတွင်း ၇၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ Samsung က ပြောပါတယ်။ Dark Blue နဲ့ Light Green အရောင်တွေ ထုတ်လုပ်ထားပြီး 256GB Storage Version ကို ဒေါ်လာ ၆၀၀ သတ်မှတ်ထားပါတယ်။ တခြား နိုင်ငံတွေမှာ မကြာခင် ရောင်းချနိုင်ပါတယ်။

ref : gsmarena