Unicode

Samsung ကနေ အခုနှစ်မကုန်ခင်မှာတင် သူ့ရဲ့ စမတ်ဖုန်း အများအပြားကို Android 10 Update ဆက်တိုက်ထုတ်ပေးနေတယ်လို့တောင် ပြောလို့ရပါတယ်။ အခုလည်း လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ Update ရရှိမယ်လို့ ကြေညာထားတဲ့ Galaxy Note 10 အတွက် Android 10 Stable Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Samsung ကနေ Galaxy S10 နဲ့ S10+ ဖုန်းတွေအတွက် Android 10 Update ကို ပြီးခဲ့တဲ့လတုန်းက ထုတ်ပေးခဲ့တာဖြစ်ပြီး မကြာခင်ရက်ပိုင်းတုန်းကမှ S10e အတွက် Android 10 Update ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ Galaxy Note 10 ဖုန်းတွေရဲ့ Update ရရှိတဲ့အချိန်က တော်တော်လေးကို မြန်ဆန်တယ်လို့ ပြောလို့ရပါတယ်။

လောလောဆယ်မှာတော့ ယခု Android 10 Stable Update ဟာ Germany Region မှာရှိတဲ့ OneUI 2.0 Beta Program ကို ဝင်ရောက်ထားသူတွေအတွက် အရင်ဆုံးရရှိလာတာဖြစ်ပြီး ကျန်တဲ့ Device တွေအနေနဲ့တော့ မကြာခင်မှာ Update လုပ်နိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Android 10 ကို အခြေခံထားတဲ့ OneUI 2.0 Update မှာ Navigation Gesture အသစ်၊ ပိုကောင်းလာတဲ့ Dark Mode အပါအဝင် UI နဲ့ Animation ပြောင်းလဲမှုတွေပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

Samsung ကေန အခုႏွစ္မကုန္ခင္မွာတင္ သူ႔ရဲ႕ စမတ္ဖုန္း အမ်ားအျပားကို Android 10 Update ဆက္တိုက္ထုတ္ေပးေနတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ အခုလည္း လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွ Update ရရွိမယ္လို႔ ေၾကညာထားတဲ့ Galaxy Note 10 အတြက္ Android 10 Stable Update ကို ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။

Samsung ကေန Galaxy S10 နဲ႔ S10+ ဖုန္းေတြအတြက္ Android 10 Update ကို ၿပီးခဲ့တဲ့လတုန္းက ထုတ္ေပးခဲ့တာျဖစ္ၿပီး မၾကာခင္ရက္ပိုင္းတုန္းကမွ S10e အတြက္ Android 10 Update ထုတ္ေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီ Galaxy Note 10 ဖုန္းေတြရဲ့ Update ရရွိတဲ့အခ်ိန္က ေတာ္ေတာ္ေလးကို ျမန္ဆန္တယ္လို႔ ေျပာလို႔ရပါတယ္။

ေလာေလာဆယ္မွာေတာ့ ယခု Android 10 Stable Update ဟာ Germany Region မွာရွိတဲ့ OneUI 2.0 Beta Program ကို ဝင္ေရာက္ထားသူေတြအတြက္ အရင္ဆုံးရရွိလာတာျဖစ္ၿပီး က်န္တဲ့ Device ေတြအေနနဲ႔ေတာ့ မၾကာခင္မွာ Update လုပ္ႏိုင္ဖြယ္ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ အခု Android 10 ကို အေျခခံထားတဲ့ OneUI 2.0 Update မွာ Navigation Gesture အသစ္၊ ပိုေကာင္းလာတဲ့ Dark Mode အပါအဝင္ UI နဲ႔ Animation ေျပာင္းလဲမႈေတြပါဝင္လာမွာျဖစ္ပါတယ္။

Ref – GSM Arena