Samsung Galaxy Note 8 ဟာ လောလောဆယ်မှာတော့ Samsung Galaxy S9 မထွက်ခင်အချိန်မှာ Samsung ရဲ့အကောင်းဆုံးသော စမတ်ဖုန်းလို့ ပြောရင်မှားမယ်မထင်ပါဘူး။
အခုလိုမျိုး Samsung ရဲ့ Flagship ဖုန်းတစ်ခုဖြစ်တဲ့ Samsung Galaxy Note 8 ဟာ စွမ်းဆောင်ရည်ပိုင်းတင်အကောင်းဆုံးဖြစ်နေတာမဟုတ်ပဲ Camera ပိုင်းမှာလည်း Samsung ရဲ့ ပထမဆုံးသော Dual Camera ဖုန်းဖြစ်တဲ့အပြင် Lens ၂ ခုစလုံးမှာလည်း Optical Image Stabilization – OIS ထည့်သွင်းပေးထားတာဖြစ်ပါတယ်။
အခုလိုမျိုး အထင်ကြီးစရာကောင်းတဲ့ Samsung Galaxy Note 8 ရဲ့ ကင်မရာကို Engadget ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Evan Rodgers က စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပြီး မြေအောက်ရထားမှာ မိန်းမကြီးတစ်ဦးကို ဗီဒီယိုရိုက်ကူးပြီး အခြား Apple iPhone X, Huawei Mate 10 Pro နဲ့ Google Pixel 2 ဖုန်းတွေနဲ့ပါ ယှဉ်ခဲ့တာဖြစ်ပါတယ်။
so one thing I couldn't make space for in my camera piece is this little comparison here. The note 8 eats some kinds of vibrations for lunch pic.twitter.com/dhPt22aiOq
— evan rodgers ? (@evanrodgers) December 21, 2017
အခုနှိုင်းယှဉ်ချက်အရတော့ Samsung Galaxy Note 8 ရဲ့ Dual OIS Camera Lens တွေက တော်တော်လေးကို ကောင်းတယ်လို့ပြောလို့ရပြီး အခြားသော စမတ်ဖုန်းတွေက လှုပ်ခါနေတဲ့အချိန်မှာ Samsung Galaxy Note 8 က အေးဆေးဖြစ်နေတုန်းပါပဲ။
အဲ့ဒီအတွက် အခုအချိန်မှာ ဖုန်းဝယ်မယ်ဆိုရင်လည်း Samsung Galaxy Note 8 က နောက်တရစရာမရှိတဲ့ စမတ်ဖုန်းတစ်ခုဖြစ်မှာပါ။