Samsung ရဲ့ Galaxy စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Flagship စမတ်ဖုန်းတွေဖြစ်ပေမယ့် Android Version Update နှေးကွေးတာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ Flagship စမတ်ဖုန်းတွေအကုန်လုံးနီးပါး Android Oreo Update ရရှိပြီးတဲ့အချိန်ကြမှ မနှစ်က ထွက်ရှိထားတဲ့ Samsung Galaxy S8 နဲ့ S8+ စမတ်ဖုန်းတွေကို Update လုပ်ပေးနိုင်တာဖြစ်ပါတယ်။

မနှစ် နှစ်လယ်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ Samsung Galaxy Note 8 ဆိုရင်လည်း ယခု မတ်လကုန်မှ Android Oreo Update ရရှိမယ်လို့ ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ အချို့သော Devices တွေက Update ရရှိနေပြီလို့ သိရပါတယ်။

ဒါပေမယ့် အခု Update ဟာ Region အချို့မှာပဲ ရရှိနေသေးတာဖြစ်တဲ့အတွက် Samsung Galaxy Note 8 ဖုန်းအကုန်လုံးကတော့ Update ရရှိမှာမဟုတ်သေးပါဘူး။