Samsung ကနေ သူရဲ့ နောက်ဆုံးထွက်ဖြစ်သလို ဈေးအကြီးဆုံးသော စမတ်ဖုန်းဖြစ်တဲ့ Samsung Galaxy Note 8 ကို နောက်ထပ် သီးသန့်အနေနဲ့ Special Edition ဖုန်းတစ်ခုထပ်ပြီး ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Special Edition Galaxy Note 8 ကို ကိုရီးယားနိုင်ငံမှာ ကြေငြာခဲ့တာဖြစ်ပြီး နာမည်ကိုတော့ Samsung Galaxy Note 8 X 99 Avant Edition လို့ ပေးထားတာဖြစ်ပါတယ်။

အခု Samsung Galaxy Note 8 X 99 Avant Edition ရဲ့ ထူးခြားချက်က အပြင်ပန်းရ ပုံမှန် Galaxy Note 8 နဲ့ တူညီတယ်ဆိုပေမယ့် Special Wallpapers တွေ၊ အထူးပြုလုပ်ထားတဲ့ Icon တွေနဲ့ လက်ဖြင့်အနုစိတ်ပြုလုပ်ထားတဲ့ Cover တစ်ခုပါဝင်မယ်လို့ သိရပါတယ်။ Storage ကလည်း သာမန် 64GB Storage အစား 256GB Storage ထည့်သွင်းထားမှာဖြစ်ပါတယ်။

အဆိုပါ Samsung Galaxy Note 8 X99 Avant Edition ဖုန်းကို ၉၉ လုံးပဲရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀၀ ဝန်းကျင်ရှိတဲ့အတွက် သာမန် Galaxy Note 8 ၂ လုံးစာရှိတယ်လို့ ပြောရမှာပါ။