Zawgyi

Samsung ကေန ထုတ္လုပ္တဲ့ စမတ္ဖုန္းေတြအမ်ားစုဟာ Hardware ပိုင္းမွာ ေကာင္းမြန္တယ္ဆိုေပမယ့္ Software Update ပိုင္းမွာေတာ့ တျခားေသာ စမတ္ဖုန္းေတြနဲ႔ ယွဥ္ရင္ ေနာက္က်ေနတတ္ပါတယ္။ ဒါေပမယ့္ အခုႏွစ္မွာေတာ့ Samsung ကေန အဆိုပါ ျပႆနာကို ေျဖရွင္းထားပုံရၿပီးေတာ့ အခုဆိုရင္ Galaxy S10 Series စမတ္ဖုန္းေတြဟာ Android 10 ကို Update လုပ္ႏိုင္ေနၿပီလည္းျဖစ္ပါတယ္။

ဒီ Galaxy S10 Series စမတ္ဖုန္းေတြ Android 10 ကို Update ျပဳလုပ္ႏိုင္ၿပီျဖစ္ေပမယ့္ Galaxy Note 10 Series ဖုန္းေတြကေတာ့ Beta Program မွာ Bug အနည္းငယ္ရွိေနေသးတဲ့အတြက္ Android 10 Update ကို လာမယ့္ ၂၀၂၀ ဇန္နဝါရီလမွာ Update ျပဳလုပ္ႏိုင္မယ့္ပုံစံပါပဲ။

အခု Galaxy S10 နဲ႔ Note 10 Series စမတ္ဖုန္းေတြဟာ ယခုႏွစ္မွာ မိတ္ဆက္ထားတဲ့ Flagship ဖုန္းေတြျဖစ္တဲ့အတြက္ Android 10 ကို အေစာဆုံးရရွိတာက ျဖစ္သင့္တဲ့အခ်က္ျဖစ္ေပမယ့္ Samsung ကေန မႏွစ္က ထုတ္ထားတဲ့ Flagship ဖုန္းေတြကိုပါ Galaxy Note 10 Series ဖုန္းနဲ႔အတူ Android 10 Update ကို ထုတ္ေပးမယ့္ ပုံစံပါပဲ။ ဒီ စမတ္ဖုန္းေတြကေတာ့ Galaxy S9 Series ဖုန္းေတြနဲ႔ Galaxy Note 9 ဖုန္းေတြပဲျဖစ္ၿပီး လက္ရွိထြက္ရွိထားတဲ့ Android 10 Update Schedule အရ Galaxy Note 10 ဖုန္းေတြနဲ႔အတူ လာမယ့္ ဇန္နဝါရီလမွာ Update ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။

အဆိုပါ Android 10 Update Schedule အရ Flagship ဖုန္းေတြတင္မကဘဲ Galaxy M20/M30 နဲ႔ Galaxy A30 ဖုန္းေတြကလည္း လာမယ့္ ဇန္နဝါရီလမွာ Android 10 ကို Update ျပဳလုပ္ႏိုင္ဦးမွာပါ။ ပုံမွန္အားျဖင့္ Samsung ကေန Mid Range ဖုန္းေတြအတြက္ Android Version Update ကို ထုတ္ေပးေလ့မရွိေပမယ့္ အခုတစ္ႀကိမ္ကေတာ့ ထူးဆန္းတယ္လို႔ေတာင္ ေျပာရမွာပါ။

အဆိုပါ စမတ္ဖုန္းေတြက လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ အေစာဆုံးအေနနဲ႔ Android 10 Update ကိုရရွိမွာျဖစ္သလို က်န္တဲ့ Galaxy A Series စမတ္ဖုန္းေတြ၊ M Series ၊ J Series ၊ Tablet ေတြအျပင္ Galaxy Fold စမတ္ဖုန္းကိုပါ က်န္တဲ့ ၂၀၂၀ ခုႏွစ္ မတ္လကေန စက္တင္ဘာလအထိ ဆက္တိုက္ Update လုပ္ေပးသြားမယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါေသးတယ္။ အဲ့ဒီအတြက္ က်ိန္းေသတာက Samsung ကေန ယခုႏွစ္မွာေတာ့ Android Version Update ကို ယခင္ကထက္ အမ်ားႀကီးပိုၿပီး အာ႐ုံစိုက္ထားတဲ့ပုံစံပါပဲ။

ဒီ စမတ္ဖုန္းေတြနဲ႔ Tablet ေတြက Android 10 Update ရရွိမွာျဖစ္ေပမယ့္ Samsung ကေန Android 10 နဲ႔အတူ OneUI 2.0 ကိုပါ Update လုပ္ေပးမလားဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – Phone Arena

Unicode

Samsung ကနေ ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေအများစုဟာ Hardware ပိုင်းမှာ ကောင်းမွန်တယ်ဆိုပေမယ့် Software Update ပိုင်းမှာတော့ တခြားသော စမတ်ဖုန်းတွေနဲ့ ယှဥ်ရင် နောက်ကျနေတတ်ပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ Samsung ကနေ အဆိုပါ ပြဿနာကို ဖြေရှင်းထားပုံရပြီးတော့ အခုဆိုရင် Galaxy S10 Series စမတ်ဖုန်းတွေဟာ Android 10 ကို Update လုပ်နိုင်နေပြီလည်းဖြစ်ပါတယ်။

ဒီ Galaxy S10 Series စမတ်ဖုန်းတွေ Android 10 ကို Update ပြုလုပ်နိုင်ပြီဖြစ်ပေမယ့် Galaxy Note 10 Series ဖုန်းတွေကတော့ Beta Program မှာ Bug အနည်းငယ်ရှိနေသေးတဲ့အတွက် Android 10 Update ကို လာမယ့် ၂၀၂၀ ဇန်နဝါရီလမှာ Update ပြုလုပ်နိုင်မယ့်ပုံစံပါပဲ။

အခု Galaxy S10 နဲ့ Note 10 Series စမတ်ဖုန်းတွေဟာ ယခုနှစ်မှာ မိတ်ဆက်ထားတဲ့ Flagship ဖုန်းတွေဖြစ်တဲ့အတွက် Android 10 ကို အစောဆုံးရရှိတာက ဖြစ်သင့်တဲ့အချက်ဖြစ်ပေမယ့် Samsung ကနေ မနှစ်က ထုတ်ထားတဲ့ Flagship ဖုန်းတွေကိုပါ Galaxy Note 10 Series ဖုန်းနဲ့အတူ Android 10 Update ကို ထုတ်ပေးမယ့် ပုံစံပါပဲ။ ဒီ စမတ်ဖုန်းတွေကတော့ Galaxy S9 Series ဖုန်းတွေနဲ့ Galaxy Note 9 ဖုန်းတွေပဲဖြစ်ပြီး လက်ရှိထွက်ရှိထားတဲ့ Android 10 Update Schedule အရ Galaxy Note 10 ဖုန်းတွေနဲ့အတူ လာမယ့် ဇန်နဝါရီလမှာ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အဆိုပါ Android 10 Update Schedule အရ Flagship ဖုန်းတွေတင်မကဘဲ Galaxy M20/M30 နဲ့ Galaxy A30 ဖုန်းတွေကလည်း လာမယ့် ဇန်နဝါရီလမှာ Android 10 ကို Update ပြုလုပ်နိုင်ဦးမှာပါ။ ပုံမှန်အားဖြင့် Samsung ကနေ Mid Range ဖုန်းတွေအတွက် Android Version Update ကို ထုတ်ပေးလေ့မရှိပေမယ့် အခုတစ်ကြိမ်ကတော့ ထူးဆန်းတယ်လို့တောင် ပြောရမှာပါ။

အဆိုပါ စမတ်ဖုန်းတွေက လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ အစောဆုံးအနေနဲ့ Android 10 Update ကိုရရှိမှာဖြစ်သလို ကျန်တဲ့ Galaxy A Series စမတ်ဖုန်းတွေ၊ M Series ၊ J Series ၊ Tablet တွေအပြင် Galaxy Fold စမတ်ဖုန်းကိုပါ ကျန်တဲ့ ၂၀၂၀ ခုနှစ် မတ်လကနေ စက်တင်ဘာလအထိ ဆက်တိုက် Update လုပ်ပေးသွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒီအတွက် ကျိန်းသေတာက Samsung ကနေ ယခုနှစ်မှာတော့ Android Version Update ကို ယခင်ကထက် အများကြီးပိုပြီး အာရုံစိုက်ထားတဲ့ပုံစံပါပဲ။

ဒီ စမတ်ဖုန်းတွေနဲ့ Tablet တွေက Android 10 Update ရရှိမှာဖြစ်ပေမယ့် Samsung ကနေ Android 10 နဲ့အတူ OneUI 2.0 ကိုပါ Update လုပ်ပေးမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Phone Arena