Samsung ကနေ Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းတွေကို ထုတ်လုပ်ထားပြီးတော့ အခုအချိန်မှာတော့ Samsung အတွက် မျှော်မှန်းထားသလောက်ရောင်းအားမကောင်းတော့တဲ့ပုံပါပဲ။

Samsung Galaxy S9 စမတ်ဖုန်းတွေက မနှစ်ကထွက်ရှိထားတဲ့ Galaxy S8 စမတ်ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းကွာခြားခြင်းမရှိသလို Display ကိုလည်း မနှစ်ကနဲ့ တူညီတဲ့ Display အရွယ်အစားပဲအသုံးပြုထားတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Samsung ကနေ ယခင်တုန်းက နှစ်ဝက်နောက်ပိုင်းမှာ ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ Samsung Galaxy Note 9 စမတ်ဖုန်းကို ယခင်ကထက်စောပြီးရောင်းချသွားမှာဖြစ်ပြီး လာမယ့် ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လမှာ တရားဝင်ကြေငြာနိုင်လောက်မယ်လို့ ယူဆရပါတယ်။

အခုထွက်ရှိလာမယ့် Samsung Galaxy Note 9 ဟာ ကြီးမားတဲ့ 6.38″ Display ပါဝင်လာမှာဖြစ်ပြီးတော့ Under-Display Fingerprint Sensor ကိုတော့ ထည့်သွင်းထားမှာမဟုတ်ဘူးလို့ သိရပါတယ်။