Samsung ကနေ ပြီးခဲ့တဲ့နှစ်တွေထဲက သူရဲ့ Flagship စမတ်ဖုန်းတွေမှာ Under-Display Fingerprint နည်းပညာကို အသုံးပြုဖို့အတွက် ကြံစည်နေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung Galaxy S9 ထွက်တော့မှာပေမယ့် Under-Display Fingerprint ပါဝင်လာမှာမဟုတ်သလို နောက်မှ ထွက်လာမယ့် Galaxy Note 9 မှာလည်း ပါဝင်လာဖွယ်မရှိပါဘူး။

Samsung Galaxy Note 9 မှာ အစကတော့ Under-Display Fingerprint Sensor ကိုထည့်သွင်းဖို့ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ မကြာသေးမှီကမှ အခုလိုမျိုး Display အောက်မှာ Fingerprint ထည့်သွင်းဖို့ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Samsung ကတော့ အခုလိုမျိုး Display အောက်မှာ Fingerprint Sensor ကိုထည့်သွင်းတာက နည်းပညာပိုင်းအခက်အခဲတွေအများကြီးရှိတဲ့အပြင် အရည်အသွေးနဲ့ ကြာရှည်ခံမှုပိုင်းမှာလည်း အားနည်းသွားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်လည်း Galaxy Note 9 ဖုန်းမှာ ရိုးရို Fingerprint Sensor ပဲ တပ်ဆင်ဖို့ ပြန်လည်ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

Samsung ဟာ နည်းပညာပိုင်းမှာ ထိပ်တန်းအဆင့်ရှိနေတယ်ဆိုပေမယ့် လက်ရှိအချိန်မှာ Vivo ကတောင် Under-Display Fingerprint Sensor နဲ့ စမတ်ဖုန်းထုတ်လုပ်ထားနိုင်တဲ့အချိန်မှာ မထုတ်လုပ်နိုင်သေးတာကတော့ တစ်မျိုးဖြစ်နေပါတယ်။