Samsung Myanmar ကုမ္ပဏီကနေ မြန်မာနိုင်ငံအတွက် Galaxy Note Series ဖုန်းတစ်ခုဖြစ်တဲ့ Galaxy Note Fan Edition ကို ယူဆောင်လာပြီဖြစ်ပါတယ်။ Samsung Galaxy Note Fan Edition က ယခင်ကထွက်ရှိခဲ့တဲ့ Galaxy Note 7 နဲ့ အများစုတူညီတယ်ဆိုပေမယ့်လည်း ဒီတစ်ခါမှာတော့ စိုးရိမ်စရာမရှိတဲ့ Samsung ရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ 8-Points Battery Check နဲ့ စစ်ဆေးထားတဲ့ 3200mAh Battery ပါဝင်မှာပါ။

Samsung Galaxy Note Series ဖုန်းတွေက လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ Professional တွေ၊ ဒီဇိုင်နာတွေနဲ့ Productivity ကို အဓိကထားတဲ့ အသုံးပြုသူတွေ အလွန်ကြိုက်နှစ်သက်တဲ့ဖုန်း Series ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ Samsung Galaxy Note Fan Edition ကလည်း ခြွင်းချက်မရှိ တီထွင်ဖန်တီးချင်တဲ့သူတွေအတွက် အကောင်းဆုံးဖြစ်လာပါတယ်။ ဈေးနှုန်းအရလည်း ၇၉၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာဆိုတော့ ဈေးနှုန်းအရလည်း ရွေးချယ်သင့်တဲ့ဖုန်းတစ်ခုဖြစ်လာပါတယ်။

Samsung Galaxy Note Fan Edition ရဲ့ အားသာချက်တွေကဘာတွေဖြစ်မလဲ?

အဲ့ဒါဆိုရင် အရင်ဆုံးပြောရမှာကတော့ S Pen ပဲဖြစ်မှာပါ။ Samsung Galaxy Note Fan Edition မှာ S Pen ပါဝင်ပြီးတော့ အဲ့ဒီ S Pen က ဓါတ်ပုံတွေမှာ Doodle တွေရေးတာကအစ၊ အာရုံခံနိုင်မှုအရမ်းကောင်းတဲ့အတွက် ပုံဆွဲတဲ့အချိန်မှာလည်း အဆင်ပြေပြီးတော့ အထူးခြားဆုံး Feature တစ်ခုကတော့ ဖုန်းကို Lock လုပ်ထားတဲ့အချိန်မှာလည်း S Pen ကို ထုတ်ပြီး ဖုန်းရဲ့ Screen မှာ စာရေးမှတ်လို့ရတဲ့ Screen Off Memo Feature တွေက တခြားဘယ်ဖုန်းမှာမှ မရရှိနိုင်တဲ့ Feature တွေဖြစ်နေမှာပါ။

ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ S Pen ဟာ လက်ရှိခေတ်စားနေတဲ့ GIF Animation တွေကို အလွယ်တကူဖန်တီးနိုင်မယ်၊ ဘာသာစကားအမျိုးမျိုးကို ဘာသာပြန်ပေးနိုင်တဲ့ Translate Feature နဲ့ Smart Select, Magnify စတဲ့ Screen ကို မထိပဲ အသုံးပြုနိုင်မယ့် Air Command တွေလည်း ပါဝင်ဦးမှာပါ။

နောက်ထပ် S Pen အပြင် Galaxy Note Fan Edition ရဲ့ အကောင်းဆုံးအချက်က Display ပဲဖြစ်ပါတယ်။ ၅.၇ လက်မရှိတဲ့ Galaxy Note Fan Edition ရဲ့ Display ဟာ Quad HD Resolution ရှိနေမှာဖြစ်ပြီး အကောင်းဆုံးသော တောက်ပပြတ်သားတဲ့အရောင်တွေကို ပေးစွမ်းနိုင်မယ့် Super AMOLED နည်းပညာကို အသုံးပြုထားပါတယ်။ အဲ့ဒီအတွက် Galaxy Note Fan Edition ဟာ လက်ရှိအကောင်းဆုံး စမတ်ဖုန်း Display တစ်ခုဖြစ်လာပြီး ရုပ်ရှင်ကြည့်ရတာ သဘောကျတဲ့သူတွေအတွက်လည်း HDR နည်းပညာကို ထည့်သွင်းပေးထားပါသေးတယ်။

ကျန်တဲ့အချက်တွေကတော့ IP 68 Rating ရှိတဲ့အတွက် ရေစိုခံနိုင်တာ၊ စက်အတွင်းပိုင်းစွမ်းဆောင်ရည်အရလည်း Octa Core 2.3Ghz CPU ကို RAM 4GB, ROM 64GB တို့နဲ့တွဲဖက်ထားတဲ့အတွက် စွမ်းဆောင်ရည်မြင့်မားတယ်လို့ ပြောလို့ရပါတယ်။ ကင်မရာကလည်း အမှောင်ထဲမှာ အကောင်းဆုံးရိုက်ကူးနိုင်မယ့် Dual Pixel 12MP Camera နဲ့ Front Selfie 5MP Camera တွေပါဝင်မှာပါ။

အခုဒီ Samsung Galaxy Note Fan Edition စမတ်ဖုန်းဟာ အလုပ်လုပ်ကိုင်နေရတဲ့သူတွေအတွက် အဓိကရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့် အဆင့်မြင့်လုံခြုံရေးစနစ်တွေဖြစ်တဲ့ Iris Scanner ပါဝင်ပြီး Fingerprint Scanner ကိုလည်းထည့်သွင်းပေးထားပါတယ်။ အကောင်းဆုံးအချက်ကတော့ Samsung ရဲ့ ထိပ်တန်းလုံခြုံရေးစနစ်ဖြစ်တဲ့ Samsung Knox ပါဝင်နေတာပါ။

အဲ့ဒီအတွက် လောလောဆယ်မှာကိုယ့်လုပ်ငန်းခွင်မှာ အကောင်းဆုံးအသုံးချနိုင်တဲ့ စမတ်ဖုန်းတစ်ခုကို ရှာဖွေနေတယ်၊ ဈေးနှုန်းအရလည်း အခုထွက်ရှိထားတဲ့အကောင်းဆုံးဖုန်းတွေကို ၁၀ သိန်းကျော်ပေးပြီး မဝယ်ယူချင်ဘူးဆိုရင် ဒီ Galaxy Note Fan Edition ဖုန်းက ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ပြောလို့ရတဲ့ ဖုန်းတစ်ခုဖြစ်ပါတယ်။

အခုလိုတန်တယ်လို့ ပြောလို့ရတာကလည်း Samsung Galaxy Note Fan Edition ကို Aeon Micro-finance ဒါမှမဟုတ် KBZ Bank နဲ့ ချိတ်ဆက်ပြီး အရစ်ကျနဲ့ ဝယ်ယူနိုင်တာ၊ နောက်တစ်ခုအနေနဲ့ Samsung ရဲ့ Original Flip Cover တွေကို လက်ဆောင်အဖြစ် ဝယ်ယူသူတိုင်းကို ပေးနေလို့ပါ။။ Galaxy Not FE ကို ပိုပြီး ဝယ်ယူသင့်တဲ့ နောက်ထပ်တစ်ချက်က Samsung Galaxy Note FE ရဲ့အမြတ်ငွေကို Samsung က WWF (World Wildlife Fund) နဲ့ပူးပေါင်းပြီး တောရိုင်းတိရိစ္ဆာန်နဲ့သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးအတွက် ကူညီပံ့ပိုးနေလို့ပါ။

အဲ့ဒါကြောင့် Samsung Galaxy Note fan Edition ကို ဝယ်ယူအားပေးရင် တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်လိုက်ရအောင်လား…