Samsung က ပြီးခဲ့တဲ့လက Galaxy S24 Unpacked မှာ Galaxy Ring အကြောင်း အနည်းငယ်ပြောကြားခဲ့ပြီး အခုတော့ တရားဝင် ကြေညာလိုက်ပါတယ်။ Samsung က ဒီနှစ်နှောင်းပိုင်းကျမှ ရောင်းချမှာ ဖြစ်တဲ့အတွက် ဈေးနှုန်းနဲ့ ရောင်းချမယ့်နေ့ အတိအကျကို မပြောသေးပါဘူး။

Samsung Galaxy Ring goes official

Galaxy Ring ကို အမေရိကန်မှာ 5 နဲ့ 13 အရွယ်အစား ၂ မျိုးထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး လက်စွပ်အတွင်းဘက်မှာ S နဲ့ XL လို့ အသီးသီး ဖော်ပြထားပါတယ်။ Ceramic Black, Platinum Silver နဲ့ Gold အရောင် ၃ မျိုးထုတ်လုပ်ထားပါတယ်။

Galaxy Ring ဟာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ အိပ်စက်မှုနဲ့ ညဘက်လှုပ်ရှားမှုတွေကို တိုင်းတာပေးနိုင်ပြီး အိပ်နေစဉ် အသက်ရှူရပ်သွားမယ့် အစောပိုင်း လက္ခဏာကိုတောင် တွက်ချက်ပေးနိုင်ပါတယ်။ Samsung က Galaxy Ring ကို Galaxy Watch နဲ့ တွဲသုံးရင် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကိုယ်လက်လှုပ်ရှားတဲ့အခါ တိုင်းတာပေးမှုဟာ ပိုမို အစွမ်းထက်တယ်လို့ ပြောပါတယ်။

Samsung Galaxy Ring goes official

User တွေဟာ ကျန်းမာရေး အတွက် ရည်မှန်းချက်တွေကို သတ်မှတ်နိုင်ပြီး Samsung Health App မှ Booster Cards ကနေ တိုးတက်မှုကို ကြည့်နိုင်ပါတယ်။ Galaxy Ring ဟာ အစောပိုင်းမှာ Samsung Galaxy စမတ်ဖုန်းတွေနဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြား Android Device တွေနဲ့ သုံးနိုင်အောင် စီစဉ်ထားပါတယ်။

Ref : gsmarena