Samsung ကနေ အခု Galaxy စမတ်ဖုန်းတွေအကုန်လုံးနီးပါးကို Android 10 အခြေခံထားတဲ့ OneUI 2.0 ကို Update ထုတ်ပေးလျက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Galaxy S20 Series ဖုန်းတွေနဲ့ Galaxy Z Flip ဖုန်းတွေမှာတော့ OneUI 2.1 ကို အသုံးပြုထားတာဖြစ်ပါတယ်။

အခုအချိန်မှာ SamMobile ကနေ ထွက်ရှိလာတဲ့သတင်းတစ်ခုအရ Samsung Galaxy S10 နဲ့ Note 10 စမတ်ဖုန်းတွေအတွက် လာမယ့် ဧပြီလအစောပိုင်းမှာ OneUI 2.1 Update ကို ရရှိမယ်လို့သိရပါတယ်။ အဆိုပါ သတင်းကို Samsung Community Moderator ကိုယ်တိုင်ကလည်း Galaxy S10 ဖုန်းတွေဟာ လာမယ့် ရက်သတ္တပတ် ၃ ပတ်အတွင်း OneUI 2.1 Update ရရှိမယ်လို့ အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

Samsung ရဲ့ ယခင်ပြောကြားချက်အရဆိုရင် ဒီ OneUI 2.1 Update ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တင်မဟုတ်ဘဲ ၂၀၁၈ တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S Series နဲ့ Note Series ဖုန်းတွေအကုန်လုံးကို Update လုပ်ပေးသွားမှာဖြစ်ပါတယ်။

OneUI 2.1 ဟာ လက်ရှိ OneUI 2.0 နဲ့ယှဥ်ရင်ကြီးမားတဲ့ပြောင်းလဲမှုတွေမရှိပေမယ့် Samsung Galaxy ဖုန်းအချင်းချင်း File Transfer ပြုလုပ်ပေးနိုင်တဲ့ Quick Share လိုမျိုး Feature အသစ်တွေလောက်ပဲ ပါဝင်မှာဖြစ်ပါတယ်။ Samsung အနေနဲ့ လာမယ့် Galaxy Note 20 မိတ်ဆက်တဲ့အချိန်ကြမှ OneUI 2.5 နဲ့အတူ Major Feature အသစ်တွေကိုထည့်သွင်းလာဖို့များနေပါတယ်။

Ref – Phone Arena