Unicode

Samsung ကနေ Galaxy S11 Series တွေကို မမိတ်ဆက်ခင်မှာ Galaxy S10 Lite နဲ့ Note 10 Lite ဖုန်းတွေကို မိတ်ဆက်ဖို့ ရှိနေတာပဲဖြစ်ပါတယ်။ အခုဆိုရင် Germany မှာ Galaxy S10 Lite ရဲ့ သတင်းအကုန်လုံးနီးပါးပေါက်ကြားလာပြီး မကြာခင်မှာ တရားဝင်မိတ်ဆက်လာတော့မှာပါ။

အခုသတင်းအရ Samsung Galaxy S10 Lite ဖုန်းဟာ 6.7″ 1080×2400 Resolution ရှိတဲ့ 20:9 Full HD+ Super AMOLED Display ကို သုံးစွဲလာမှာဖြစ်ပြီး Infinity-O Display ဖြစ်တဲ့အတွက် Display ရဲ့ အပေါ်ဘက် အလယ်တည့်တည့်မှာ Selfie Camera ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Snapdragon 855 Processor ကိုပဲ အသုံးပြုလာမှာဖြစ်သလို RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ S10 Series တွေမှာ ပါဝင်တဲ့ 12MP Primary Sensor အစား 48MP f2.0 Tilt-OIS Primary Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်တဲ့ Camera တွေက 12MP f2.2 Ultrawide Sensor နဲ့ 5MP f2.4 Macro Sensor တွေပါဝင်မှာပါ။ Selfie Camera အနေနဲ့တော့ 32MP f2.2 Sensor ကိုတပ်ဆင်ထားတယ်လို့ သိရပါတယ်။

အခု Galaxy S10 Lite ဖုန်းဟာ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 45W Fast Charging ကိုလည်း Support ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ Software အနေနဲ့တော့ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 နဲ့ ပွဲထွက်လာမှာပါ။

ဒီ Galaxy S10 Lite ဖုန်းဟာ စျေးနှုန်းအနေနဲ့ €679.99 (မြန်မာငွေ ၁၁သိန်း ဝန်းကျင်) နဲ့ရောင်းချမှာဖြစ်ပြီး Black ၊ White နဲ့ Blue ဆိုပြီး အရောင် ၃ ရောင်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ အခုစျေးဟာ Europe စျေးဖြစ်တဲ့အတွက် ကျန်တဲ့နိုင်ငံတွေမှာလည်း ဒီ Galaxy S10 Lite ဖုန်းကို လက်ရှိ Galaxy S10e ထက်တောင် သက်သာတဲ့စျေးနဲ့ ဝယ်ယူနိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena

Zawgyi





ဒီ Galaxy S10 Lite ဖုန်းဟာ ဈေးနှုန်းအနေနဲ့ €679.99 (မြန်မာငွေ ၁၁သိန်း ဝန်းကျင်) နဲ့ရောင်းချမှာဖြစ်ပြီး Black ၊ White နဲ့ Blue ဆိုပြီး အရောင် ၃ ရောင်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ အခုဈေးဟာ Europe ဈေးဖြစ်တဲ့အတွက် ကျန်တဲ့နိုင်ငံတွေမှာလည်း ဒီ Galaxy S10 Lite ဖုန်းကို လက်ရှိ Galaxy S10e ထက်တောင် သက်သာတဲ့ဈေးနဲ့ ဝယ်ယူနိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena