[Zawgyi]





Ref: GSMArena

[Unicode]

Update မှာ Night Mode ပါလာတဲ့ Samsung Galaxy S10

Samsung ဟာ နောက်ဆုံး Firmware update မှာ ကင်မရာ app အတွက် အံ့အားသင့်စရာ ပြောင်းလဲမှု တစ်ခုကိုပါ ထည့်သွင်းလာခဲ့ပါတယ်။ ဒါကတော့ Flagship စမတ်ဖုန်းအတော်များများမှာ ရနေတဲ့ Night Modt ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Samsung Galaxy S10 မှာလည်း Night Mode ကို ရပြီလို့ ဆိုရတော့မှာပါ။

ပြိုင်ဘက်တွေဖြစ်တဲ့ Huawei P30 Pro ဟာ Night Mode ကောင်းတဲ့အကြောင်း နာမည်ကြီးသလို Google Pixel 3 ကလည်း Night Sight နဲ့ နာမည်ကြီးနေတာပါ။ အခုတော့ Samsung Galaxy S10 က “Bright Night” feature နဲ့ အမီလိုက်လာဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S10 ရဲ့ Bright Night ဟာ Scene Optimizer On ရပြီး အမှန်တကယ် မှောင်မိုက်နေတဲ့ အချိန်မျိုးမှာ အလိုအလျောက်သုံးလို့ရမှာ ဖြစ်ပါတယ်။

Camera app ထဲမှာ “Night” နဲ့ ရိုက်ကူးနေရင်း အခြား Camera Mode တွေဆီ Swipe လုပ်ပြီး ကူးပြောင်းလို့ရတယ်ဆိုပေမယ့် “Bright Night” features ကို Manual သုံးလို့မရတာကတော့ Samsung Galaxy S10 အသုံးပြုသူတွေအတွက် နည်းနည်းလေး ကသိကအောက် ဖြစ်စရာပါ။ ဒါကြောင့် Manual သုံးလို့ရအောင် Samsung အနေနဲ့ ဖြေရှင်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Samsung ရဲ့ Galaxy S10 အတွက် Latest firmware updates ဟာ ဆွစ်ဇာလန်က အသုံးပြုသူတွေမှာပဲ ရရှိသေးတယ်လို့ SamMobile က ဖော်ပြထားပါတယ်။ ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ ကမ္ဘာတစ်ဝန်းလုံးက Samsung Galaxy S10 Series တွေအားလုံး ဒီ Night Mode ကို သုံးလို့ရတော့မယ်လို့ ယူဆရပါတယ်။

Ref: GSMArena