Unicode

Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေထဲက Android 10 OS ကို အခြေခံထားတဲ့ OneUI 2.0 Update ကို Galaxy S10 နဲ့ S10+ စမတ်ဖုန်းတွေအတွက် ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။ အဆိုပါအချိန်တုန်းက Galaxy S10e အတွက် ပါဝင်ခြင်းမရှိခဲ့ပေမယ့် အခုအချိန်မှာတော့ S10e အတွက် Android 10 Update ကို စတင်ရရှိနေပြီလို့ သိရပါတယ်။

ဒီ Samsung Galaxy S10e အတွက် Android 10 Update ဟာ Stable Version ဖြစ်သလို ကျန်တဲ့ Galaxy S10 Series တွေမှာလိုမျိုးပဲ OneUI 2.0 ရဲ့ Feature တွေအစုံအလင်ပါဝင်မှာဖြစ်ပါတယ်။ Setting ထဲမှာရှိတဲ့ Software Update ကနေ Download ရယူနိုင်မှာဖြစ်ပြီး File Size အနေနဲ့ 1957MB ဝန်းကျင်ရှိမှာပါ။

အခု S10e အတွက် OneUI 2.0 Update Serial Number အနေနဲ့ Region ပေါ်မှုတည်ပြီးတော့ G970FXXU3BSKO/G970FOXM3BSKO/G970FXXU3BSKL ဆိုပြီး ခေါ်ဆိုမှာဖြစ်သလို Android Security Patch အနေနဲ့လည်း December 1, 2019 ပါဝင်မှာဖြစ်ပါတယ်။

OneUI 2.0 Update ဟာ အဓိကအနေနဲ့ Navigation Gesture အသစ်တွေပါဝင်လာမှာဖြစ်ပြီးတော့ Google ရဲ့ Android 10 မှာပါဝင်လာတဲ့ Gesture အသစ်နဲ့ ပိုပြီးဆင်တူလာပါတယ်။ နောက်ထပ် ပြောင်းလဲမှုတွေအနေနဲ့ကတော့ Dark Mode က ပိုပြီး System Apps တွေမှာ အလုပ်လုပ်မှာဖြစ်သလို App Icon တွေ၊ Animation တွေကလည်း ပိုပြီး Smooth ဖြစ်လာမယ်လို့ သိရပါတယ်။

Ref – GSM Arena

Zawgyi





Ref – GSM Arena