Samsung ဟာ လာမယ့်နှစ် ဇန်နဝါရီလအတွင်းမှာ Galaxy S21 Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါက ပုံမှန် Galaxy S Series မိတ်ဆက်နေကျအချိန်ထက် ၁ လကျော်လောက်ပိုစောမှာဖြစ်ပြီး အခုဆိုရင်လည်း Render ဓါတ်ပုံတွေပါ ထွက်ပေါ်လာပြီလို့ သိရပါတယ်။

အခုထွက်ပေါ်လာတဲ့ Samsung Galaxy S21 5G ရဲ့ Render ဓါတ်ပုံတွေအရတော့ အဓိကပြောင်းလဲမှုတွေအနေနဲ့ Flat Display ကို အသုံးပြုလာတာနဲ့အတူ Camera Design ကိုပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ Flat AMOLED Display ကို အသုံးပြုထားတဲ့အတွက် ဘေးဘောင်တွေက Galaxy S20 Series ဖုန်းတွေထက်တောင် အနည်းငယ်ပိုထူလာမှာဖြစ်ပြီး Selfie Camera ကိုတော့ Punch-hole Design အနေနဲ့ပဲ အသုံးပြုထားဦးမှာပါ။

Camera Design အနေနဲ့ကတော့ Galaxy Note 20 Series နဲ့ ပိုပြီးဆင်တူလာပြီး Galaxy S21 5G မှာတော့ Triple Camera Setup ကိုပဲအသုံးပြုလာမှာဖြစ်ပါတယ်။ Camera Sensor တွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးပေမယ့် Sensor တွေကိုတော့ အဆင်မြှင့်တင်ထားမယ်လို့ ယူဆရပါတယ်။

Display အနေနဲ့ကတော့ 6.2″ AMOLED Display ကို အသုံးပြုထားပြီး High Refresh Support နဲ့ Resolution ကိုတော့ အတိအကျမသိရှိရသေးပါဘူး။ Performance ပိုင်းအနေနဲ့ Qualcomm Snapdragon 875 နဲ့ Exynos 1000 သို့မဟုတ် 2100 Chipset တွေကိုအသုံးပြုထားပြီး အနည်းဆုံး RAM 8GB နဲ့ 128GB Storage တွေပါဝင်လာမယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး 25W Fast Charging ကိုလည်း Support ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Galaxy S20 Series လိုမျိုး 25W Fast Charger တွေကိုတော့ တပါတည်းထည့်သွင်းပေးထားမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S21 Series ဟာ Galaxy S20 Series နဲ့ယှဥ်ရင် Performance ပိုင်းကလွဲပြီး တခြားအပိုင်းတွေမှာ ကြီးကြီးမားမားပြောင်းလဲမှာမဟုတ်သေးဘူးလို့ ယူဆရပါတယ်။

Ref – Phone Arena