Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ Galaxy S22 Series Flagship ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိထားရတဲ့သတင်းတွေအရတော့ လာမယ့်နှစ် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်ရောင်းချသွားမယ်လို့ သိရပါတယ်။

အခုလည်း Samsung Galaxy S22 Series ဖုန်းတွေနဲ့ ပတ်သက်ပြီးသတင်းတစ်ခုက ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါကတော့ WinFuture ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Samsung ကနေ Galaxy S22 Series ကို စတင်ပြီးအမြောက်အများထုတ်လုပ်မှုကို စတင်နေပြီဖြစ်ပါတယ်။

Samsung ဟာ လောလောဆယ်မှာ Galaxy S22 နဲ့ S22+ ဖုန်းတွေအတွက်ပဲ စတင်ပြီး ပါဝင်တဲ့ Component တွေကို ထုတ်လုပ်နေသေးတာဖြစ်တယ်လို့ သိရပါတယ်။ Galaxy S22 Ultra ဖုန်းအနေနဲ့ကတော့ US မှာရောင်းချမယ့် Snapdragon Version အတွက်ပဲ ထုတ်လုပ်မှုကို စတင်နေသေးတာဖြစ်ပါတယ်။

Samsung Galaxy S22 Series စမတ်ဖုန်းတွေဟာ Design ပိုင်းအရ ယခင် Galaxy S21 Series နဲ့ ဆင်တူတယ်ဆိုပေမယ့် ပိုမို Compact ဖြစ်တဲ့ Design ကို အသုံးပြုထားမှာဖြစ်သလို Exynos Processor ကို AMD Radeon Graphic နဲ့ ပူးပေါင်းထုတ်လုပ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် Galaxy S22 Series ဖုန်းတွေဟာ GPU ပိုင်းမှာတော့ ယခင်ထက် သိသိသာသာကို ကောင်းမွန်လာမှာပါ။

Ref – GSM Arena