Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ Galaxy S22 Series Flagship ဖုန်းအသစ်တွေကိုမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ လက်ရှိသိထားတဲ့သတင်းတွေအရ Samsung ကနေ ယခင်ထက်ပိုပြီး စျေးကွက်အများအပြားမှာ Exynos Processor အစား Qualcomm Snapdragon Processor Version ကိုပဲ ပြောင်းသုံးလာမယ်လို့ သိရပါတယ်။

အခုလည်း Samsung ရဲ့ Snapdragon 898 Version Galaxy S22+ ဟာ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Qualcomm Snapdragon 898 Processor ဟာ 3.0GHz အထိ စွမ်းဆောင်နိုင်မယ့် Cortex-X2 Core ၊ 2.5GHz A710 Core တွေနဲ့ 1.8GHz A510 Core တွေပါဝင်မှာဖြစ်ပါတယ်။

Benchmark တွေအရ Samsung Galaxy S22+ (SM-S906U) ဟာ Single Core Score အနေနဲ့ 1163 Point ရရှိထားပြီး Multi-Core မှာတော့ 2728 Point ရရှိထားပါတယ်။ ဒါက ယခင်တုန်းက သတင်းထွက်ပေါ်ဖူးတဲ့ Qualcomm Snapdragon 898 Processor ပဲ အသုံးပြုထားတဲ့ Galaxy Tab S8+ ထက်တော့ အနည်းငယ် စွမ်းဆောင်ရည်လျော့နည်းနေတာကို တွေ့ရပါတယ်။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ Samsung Galaxy S22+ ဟာ Android 12 OS နဲ့ထွက်ရှိလာမှာဖြစ်ပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ Version ဟာ Base Version ဖြစ်တာကြောင့် ကျန်တဲ့ Version တွေမှာတော့ RAM က အခုထက်ပိုများဖွယ်ရှိနေပါတယ်။

Ref – GSM Arena