Samsung ဟာ လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ Galaxy S23 Series Flagship ဖုန်းတွေကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အခုအချိန်အထိ Samsung ကနေ ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို တရားဝင်ပြောကြားထားခြင်းမရှိသေးပေမယ့် တချို့သောဖြစ်နိုင်ခြေများတဲ့သတင်းတွေ ပေါက်ကြားလာခဲ့ပါပြီ။

ဒါကတော့ Samsung နဲ့ပတ်သက်တဲ့သတင်းတွေကို ဖော်ပြတဲ့အချိန်မှာ ယုံကြည်ရတဲ့ Leakster ၂ ဦးဖြစ်တဲ့ Ice Universe နဲ့ OnLeaks တို့ကနေ Galaxy S23 Series မိတ်ဆက်မယ့်အချိန်ကို ပြောကြားခဲ့ပြီး အချိန်ကလည်း တူညီနေပါတယ်။ သူတို့ရဲ့ ပြောကြားချက်အရ Samsung Galaxy S23 Series ဖုန်းတွေဟာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ တရားဝင်မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

ဒါကြောင့် Samsung ဟာ Galaxy S23 Series ဖုန်းတွေကို ယခုနှစ် Galaxy S22 Series ဖုန်းတွေထက် ၈ ရက် ပိုစောပြီး မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန်အားဖြင့် မိတ်ဆက်ပွဲမတိုင်ခင် ရက်သတ္တပါတ် ၁ ပါတ် ဒါမှမဟုတ် ၂ ပါတ်အလိုမှ တရားဝင် Teaser ထုတ်လေ့ရှိတာကြောင့် အခုမိတ်ဆက်မယ့်အချိန် မှန်မမှန်ကတော့ လာမယ့် ဇန်နဝါရီလအတွင်းမှပဲ သိရှိရမှာပါ။

Samsung Galaxy S23 Series ဟာ Qualcomm နဲ့အထူးသီးသန့်ပူးပေါင်းမှုတွေ ပြုလုပ်ထားတာကြောင့် ပိုမိုမြန်ဆန်ပြီး Overclock ပြုလုပ်ထားတဲ့ Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာနိုင်ပါတယ်။ ဒါကြောင့် လက်ရှိထွက်ရှိထားတဲ့ Snapdragon 8 Gen 2 နဲ့ Android Flagship ဖုန်းတွေထက် ပိုမိုမြန်ဆန်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena