Samsung ဟာ ယခုနှစ်ကုန်ပိုင်းမှာ Galaxy S23 FE ဖုန်းကို မိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ရှိထားပါတယ်။ အဆိုပါ Fan Edition (သို့မဟုတ်) FE Series ဖုန်းတွေဟာ Flagship Series ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို ပိုသက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချတဲ့ဖုန်းတွေဖြစ်တာကြောင့် စျေးကွက်အတွင်းမှာ လူကြိုက်များတဲ့ ဖုန်းတွေဖြစ်ပါတယ်။

အခုလည်း Samsung Galaxy S23 FE ဖုန်းနဲ့ ပတ်သက်တဲ့သတင်းအချို့ကို Leakster တစ်ဦးဖြစ်တဲ့ @Tech_Reve ကနေ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Samsung ဟာ Galaxy S23 FE ဖုန်းအတွက် Qualcomm Snapdragon 8+ Gen 1 Chipset အစား ကိုယ်ပိုင် Exynos 2200 Chipset ကိုပဲ အသုံးပြုဖို့ ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Exynos 2200 Chipset ကိုပဲ ရွေးချယ်လိုက်တာက အဓိကအကြောင်းပြချက်အနေနဲ့ စျေးနှုန်းပိုမိုသက်သာဖို့ဖြစ်ပြီး RAM 6GB + 128GB သို့မဟုတ် RAM 8GB + 256GB Storage ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာ Galaxy S23 FE ဖုန်းဟာ 50MP GN3 Main Sensor အပြင် 8MP 3x Telephoto Sensor ၊ 12MP Ultrawide Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ Selfie Camera အတွက် 12MP Sensor ပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy S23 FE ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို အတိအကျမသိရှိရသေးပေမယ့် ဖြစ်နိုင်ခြေများတာက လာမယ့်ဇူလိုင်လ Galaxy Z Flip5 နဲ့ Galaxy Z Fold5 Foldable ဖုန်းတွေ မိတ်ဆက်ပြီးတဲ့အချိန်မှပဲ မိတ်ဆက်သွားဖွယ်ရှိပါတယ်။

Ref – Gizmo China