Samsung ဟာ စမတ်ဖုန်းတွေအတွက် 200MP sensors နှစ်ခုကို လွန်ခဲ့တဲ့ ၁၀ လကတည်းက မိတ်ဆက်ပေးခဲ့တာပါ။ ဒါပေမဲ့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးရဲ့ 200MP sensors က နှစ်ခုတည်းနဲ့ ပြီးသွားမဲ့ပုံမပေါ်ပါဘူး။ နောက်တစ်ခု ထပ်ရှိနေပုံပါပဲ။

ထင်ရှားတဲ့ Tipster Ice Universe ကတော့ တတိယမြောက် 200MP sensor ဟာ လာမယ့်နှစ်ရဲ့ Galaxy S23 Ultra flagship မှာ အကောင်အထည်မြင်ရလိမ့်မယ်လို့ ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။ HP3 ရှိပြီးသားဆိုပေမဲ့ ဒီ Sensor ရဲ့ နာမည်က ISOCELL HP2 ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ISOCELL HP1 ဟာ ပထမဆုံး 200MP sensor ဖြစ်ပြီး သူ့ကို Motorola စမတ်ဖုန်းနဲ့အတူ ဒီလထဲမှာပွဲဦးထွက်လာမှာကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ISOCELL HP3 ဟာ 1/1.4-inch သာရှိတဲ့ သေးငယ်တဲ့ Footprint နဲ့ဖြစ်ပြီး Pixel တစ်ခုစီရဲ့ ဒီဇိုင်းသစ်ကြောင့် Auto-focusing ကို ပိုမိုလျင်မြန်စွာပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ သူ့မှာ AF capabilities လည်းရှိပြီး Quad cluster တိုင်း Vertical နဲ့ Horizonal directions တွေရဲ့ ကွဲပြားမှုတွေကို သိမှတ်နိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy S23 Ultra နဲ့ 200MP sensor အကြောင်းကတော့ ကြိမ်ဖန်များစွာကြားခဲ့ပြီးသား ဖြစ်ပါတယ်။ အချို့သတင်းတွေမှာတော့ Galaxy S23 Ultra မှာ အဓိကကင်မရာကို Renew လုပ်ပေမဲ့ 10MP 10x periscope module ကတော့ မူလအတိုင်းကျန်ရှိနေမယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Galaxy S23 Ultra ဟာ ကင်မရာပိုင်းဆိုင်ရာမှာတော့ ကြီးမားတဲ့တိုးတက်မှုကို မြင်ရဖို့သေချာနေပါတယ်။

Ref: GSM Arena