Samsung ဟာ လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ Next Generation Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S24 Series ဖုန်းတွေကို တရားဝင်မတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေပေါက်ကြားထားပြီးဖြစ်ပါတယ်။ အခုလည်း အဆိုပါ Galaxy S24 Series ဖုန်းတွေရဲ့ Render ဓါတ်ပုံတွေပါ ပေါက်ကြားလာပြီဖြစ်ပါတယ်။

အဆိုပါ Render ဓါတ်ပုံတွေကို Windows Report ကနေတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပြီး S24 ၊ S24+ ဖုန်းတွေအပြင် S24 Ultra ဖုန်းတွေအကုန်လုံးပါဝင်ခဲ့ပါတယ်။ Galaxy S24 နဲ့ Galaxy S24+ ဖုန်းတွေဟာ Onyx Black ၊ Marble Gray ၊ Cobalt Violet နဲ့ Amber Yellow ဆိုပြီး အရောင် (၄) မျိုးထွက်ရှိမှာဖြစ်ပြီး Galaxy S24 Ultra ဖုန်းက Titanium Black ၊ Titanium Gray ၊ Titanium Violet နဲ့ Titanium Yellow ဆိုပြီး အရောင် (၄) မျိုးရွေးချယ်နိုင်မှာပါ။

ဒါကြောင့် Samsung Galaxy S24 Ultra ဖုန်းမှာ Titanium ကိုယ်ထည် Chassis ကို ပြောင်းလဲအသုံးပြုမယ်ဆိုတာက သေချာသွားပြီဖြစ်ပြီး ပုံမှန် Galaxy S24 ၊ S24+ ဖုန်းတွေမှာတော့ Aluminum Chassis ကိုပဲ သုံးနေဦးမှာပါ။ ဒီ Galaxy S24 Series ဖုန်းအားလုံးဟာ ယခင်ထက်ပိုပြီး ဘေးဘောင်တွေကို Flat Design ပုံစံပြောင်းလဲထားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

Samsung Galaxy S24 Series ဖုန်းတွေဟာ AI ပိုင်းကို အဓိကအာရုံစိုက်လာမယ်လို့ သိရပြီး Processor ပိုင်းအနေနဲ့ S24+ နဲ့ S24 Ultra ဖုန်းမှာ Qualcomm Snapdragon 8 Gen 3 Chipset နဲ့ Galaxy S24 ဖုန်းမှာတော့ Exynos 2400 Chipset ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။ Cooling ပိုင်းအတွက် Vapour Chambers တွေကိုလည်း Galaxy S24 မှာ ၁.၅ ဆ၊ S24+ မှာ ၁.၆ဆ နဲ့ S24 Ultra ဖုန်းမှာ ၁.၉ဆ ပိုမိုကြီးမားအောင် အဆင့်မြှင့်တင်ထားဦးမှာဖြစ်ပါတယ်။

Samsung ကနေ အခု Galaxy S24 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ယခုလကုန်ပိုင်းလောက်မှာ အတည်ပြုပြောကြားသွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena