Samsung ကနေ Galaxy S6 စမတ်ဖုန်းကို ပြီးခဲ့တဲ့လပိုင်းတုန်းက Android Version 8.0 Update ပေးမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေခဲ့သေးတာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Samsung က ၃ နှစ်လောက်ကြာနေတဲ့စမတ်ဖုန်းကို Update ပေးတယ်ဆိုပြီးတောင် အကောင်းပြောခံနေရခဲ့တာပါ။

Samsung က အခုအချိန်မှာတော့ Samsung Galaxy S6 နဲ့ S6 Edge စမတ်ဖုန်းတွေကို System Update ဘာတစ်ခုမှထပ်ပေးတော့မှာမဟုတ်ပဲ End of Life အနေနဲ့ ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Android Version Update တွေတင်မဟုတ်ပဲ Security Updates တွေပါ ရရှိမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S6 နဲ့ S6 Edge ဖုန်းတွေက အခုဆိုရင် S9 ဖုန်းတောင်ထွက်လာပြီဖြစ်တဲ့အတွက် ၄ နှစ်နီးပါးကြာပြီဆိုတော့ Update မရတော့တာကဖြစ်သင့်တယ်ပဲပြောရမှာပါ။

ဒါပေမယ်လည်း Samsung Galaxy S6 Edge+ နဲ့ S6 Active ဖုန်းတွေကတော့ Security Updates တွေရရှိနေသေးတယ်လို့ သိရပါတယ်။