Samsung ရဲ့ မနှစ်အစောပိုင်းကထုတ်လုပ်ထားတဲ့စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S8 နဲ့ S8+ ဖုန်းတွေဟာ အခုအချိန်အထိ Android Version 8.0 Oreo ကို Update ပြုလုပ်နိုင်ခြင်းမရှိသေးဘူးပဲဖြစ်ပါတယ်။

Samsung ကတော့ Galaxy S8 နဲ့ S8+ စမတ်ဖုန်းတွေအတွက် Android 8.0 Oreo ကို Beta Version အနေနဲ့ပဲ မနှစ်က အသုံးပြုသူအချို့ကိုပေးခဲ့ပြီးတော့ အခုအချိန်မှာတော့ အဆိုပါ Beta Version က Version 5 အထိတောင်ရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ လက်ရှိသိရတဲ့သတင်းတွေအရတော့ အခု Beta Version 5 ဟာ Samsung Galaxy S8 နဲ့ S8+ ဖုန်းတွေအတွက် နောက်ဆုံးသော Android Oreo Beta Version ဖြစ်ပြီးတော့ လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့ကြရင် Stable Update ထွက်လာမယ်လို့လည်း သိရပါတယ်။

အခု Android Oreo Update ကို ရရှိတော့မယ့် Samsung Galaxy S8 နဲ့ S8+ တွေရဲ့ မော်ဒယ်တွေကတော့ SM-G950F, SM-G955F, SM-G950FD, SM-G955FD, SM-G950N, SM-G955N, SM-G950X, SM-G955X, SM-G950XN, SM-G955XN, SM-G950XC တို့ ဖြစ်ကြတဲ့အတွက် Version တွေအကုန်လုံးနီးပါး ရရှိလာမှာဖြစ်ပါတယ်။

အခုလိုမျိုး Android Oreo Update မှာ Notification Dots, Auto-Fill စတဲ့ Feature အသစ်အများအပြားပါဝင်လာမှာဖြစ်ပြီးတော့ Samsung ရဲ့ နောက်ထပ် Flagship ဖုန်းတစ်ခုဖြစ်တဲ့ Galaxy Note 8 စမတ်ဖုန်းအတွက်ကတော့ ဘာသတင်းမှမကြားရသေးဘူးပဲဖြစ်ပါတယ်။