Samsung ကနေ Galaxy S8 စမတ်ဖုန်းအတွက် Android 8.0 Oreo Update ကို အခုအချိန်မှာ Beta Version အနေနဲ့ ထုတ်ပေးနေပြီဖြစ်ပြီးတော့ မကြာခင်မှာ Stable Build အနေနဲ့ Android 8.0 Oreo ကို Update ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်။

အခုပေါက်ကြားလာတဲ့သတင်းတွေအရ Samsung ကနေ Galaxy S8 စမတ်ဖုန်းတွေကို Stable Android 8.0 Oreo Update ပြုလုပ်ပေးတဲ့အချိန်ကြရင် Audio ပိုင်းကိုပါ Dolby Atmos စနစ်ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Dolby Atmos Audio ပါဝင်လာတဲ့ Android Oreo Version က Reddit Forum မှာ ပြန့်နှံလာခဲ့တာဖြစ်ပြီးတော့ US အလုံး Qualcomm CPU မှာ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် US – Qualcomm CPU ပါဝင်တဲ့ Galaxy S8 ပဲ Dolby Atmos Update ရရှိမလား၊ Exynos CPU အသုံးပြုထားတဲ့ Galaxy S8 ဖုန်းတွေပါ ရရှိမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Dolby Atmos စနစ်ဟာ ဖုန်းရဲ့ Audio ကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ Audio Tuning Software တစ်ခုဖြစ်ပြီးတော့ ဖုန်းရဲ့ Speaker အသံထွက်ကိုရော၊ Earphone အသံထွက်ကိုပါ ပိုကောင်းလာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ တကယ်လို့သာ Samsung Galaxy S8 ရဲ့ Android Oreo Update မှာ Dolby Atmos ရရှိလာတယ်ဆိုရင် Samsung Galaxy S8 ဟာ တစ်ခုထဲသော Dolby Atmos ပါဝင်တဲ့ Samsung ဖုန်းတစ်ခုဖြစ်သွားပါပြီ။